မျက်မှောက်ရေးရာ

U Zaw Zaw


လုပ်ငန်းရှင်ကြီး ဦးဇော်ဇော် ၂ဝ၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ဝင်ဖွယ်ရှိ

ထောက်လှမ်းရေးသတင်း
ဧပြီ ၂၅၊   ၂ဝ၁၃

အမျိုးသမီး ဘောလုံးသမားများနှင့် တွေ့ရသော ဦးဇော်ဇော် (ဓာတ်ပုံ – 
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)
လုပ်ငန်းရှင်ကြီး ဦးဇော်ဇော်သည် ၂ဝ၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ဝင်ဖွယ်ရှိကြောင်း နေပြည်တော် သတင်းရပ်ကွက်တစ်ခုထံမှ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်တစ်ခုတွင် ဝင်ရောက်ဖွယ်ရှိသည်ဟု သိရပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ကိုယ်စားပြုပြီး ဝင်ရောက်နိုင်ချေရှိသည်ဟု တချို့က ခန့်မှန်းလျက်ရှိသည်။

ဦးဇော်ဇော်သည် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆက်အသွယ် အရှိဆုံးသော လုပ်ငန်းရှင်ဖြစ်သည်ဟု ယူဆရသည်။

NLD ဝါရင့်ခေါင်းဆောင် ဦးဝင်းတင်ကလည်း စစ်ဗိုလ်ချုပ်များနှင့်နီးစပ်သည့်လုပ်ငန်းရှင်များထဲတွင် ဦးဇော်ဇော်က အကောင်းဆုံးဖြစ်သည်ဟု မကြာသေးခင်က ပြောဆိုခဲ့ဖူးသည်။

ယခုအခါ ဦးဇော်ဇော်သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ဥက္ကဋ္ဌတာဝန်ယူထားသည်။

ဦးဇော်ဇော်၏မိတ်ဆွေတစ်ဦး၏ အဆိုအရ ဦးဇော်ဇော်သည် မီဒီယာလုပ်ငန်းကိုလည်း စိတ်ဝင်စားနေကြောင်း၊   နေ့စဉ်သတင်းစာတစ်စောင် ထုတ်ဝေရန် စိတ်ဝင်စားနေကြောင်း  သိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts