>
“အသံညီပြီး အလုပ်တူဖို့” အတွက် အမြင်တူပြီး အတွေးညီကြပါစို့
အပိုင်း – ၃
မောင်ရွှေ
ဇူလိုင် ၆၊ ၂၀၀၉
၄၃။ ယခုဆောင်းပါးရဲ့ ပထမပိုင်းကတော့ လူထုအားကို အသုံးပြုပြီး အာဏာရှင်စနစ်ကို တော်လှန်ကြရာမှာ အဆင့်(၃) ဆင့်ကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်ကြောင်းနဲ့ ယနေ့အချိန်အထိ အာဏာရှင်စနစ်ကို ဖြုတ်မချနိုင်ရတဲ့ အကြောင်းအရင်းများကို လေ့လာတင်ပြခဲ့ပါတယ်။ နိုင်ငံ့အရေး၊ ဒီမိုကရေစီအရေးများမှာ တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြဖို့၊ လူထုရဲ့ စိုးရိမ်ကြောင့်ကြမှုများကို လျော့ချနိုင်ဖို့၊ တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှု ရယူနိုင်ဖို့၊ စသည့်ကဏ္ဍများရဲ့ အရေးကြီးပုံများကို အဓိကထား တင်ပြခဲ့ပါတယ်။
ဆောင်းပါး ဒုတိယအပိုင်းမှာတော့ မြန်မာ့ နိုင်ငံရေး အခင်းအကျင်းတစ်ခုလုံးကို အတွေးပုံစံတစ်ခုနဲ့ ခင်းကျင်းတင်ပြခဲ့ပြီး မြန်မာ့နိုင်ငံရေးလောကရဲ့ ပြင်ပ ရပ်ဝန်းက နိုင်ငံပြုပြင်ပြောင်းလဲရေး တွန်းအားတွေ၊ မြန်မာ့နိုင်ငံရေး လောကထဲက Players အသီးသီးအပေါ် ကျရောက်နေတဲ့ ဖိအားတွေကို လူထုတော်လှန်ရေး ဖြစ်စဉ်အဆင့် (၂)နဲ့ (၃)အတွက် အကျိုးရှိစေရန်၊ အဟန့်အတား မဖြစ်စေရန်၊ လေ့လာ တင်ပြခဲ့ပါတယ်။
[အပြည့်အစုံ သို့]
http://above-3-or-4-pages.blogspot.com/2009/07/maung-shwe-burmese-in-solidarity-to_06.html
http://above-3-or-4-pages.blogspot.com/2009/07/maung-shwe-burmese-in-solidarity-to_06.html