>Cartoon U Pe Thein Farewell

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>



ကာတွန်းဆရာကြီး (ဦး) ဖေသိန်း ကွယ်လွန်ခြင်း သတင်းမေးသူပရိသတ်များနှင့်စည်ကား

မိုးမခ ဓာတ်ပုံသတင်း

ဇွန် ၂၆၊ ၂၀၀၉

စစ်အုပ်စု၏ စစ်ပုလိပ်များ၊ သတင်းပေးများက မျက်ခြေမပြတ်စောင့်ကြည့်ပြီး ဧည်သည်အ၀င်အထွက်ကို မှတ်တမ်းတင်နေသည့်ကြားက ပြည်သူချစ်သည့် စာနယ်ဇင်းကာတွန်းနှင့် ကလေးရုပ်ပြ ကာတွန်းဆရာကြီး (ဦး)ဖေသိန်း၏ ဈာပနသို့ သတင်းလာမေးကြသူများ၊ ကျန်ရစ်သူမိသားစုကို အားပေးလာကြသူများနှင့် စည်ကားလျက်ရှိသည်။

သတင်းစာဆရာကြီးနှင့် အင်န်အယ်ဒီပါတီခေါင်းဆောင် ဟံသာဝတီဦးဝင်းတင်ကလည်း ကာတွန်းဖေသိန်းကွယ်လွန်ခြင်းအတွက် ၀မ်းနည်းမှတ်တမ်းတွင် အမှတ်တရရေးသားခဲ့သည်ဟု သိရသည်။ ယမန်နေ့က စာပေ အနုပညာရှင်များ၊ စာရေးဆရာများ၊ အတိုက်အခံအသိုင်းအ၀ိုင်းမှ ဆရာကြီးမိတ်ဆွေများ တဖွဲဖွဲလာရောက်ကြသည်ကို တွေ့ရသည်။

ကျန်ရစ်သူမိသားစုက ဆရာကြီး၏ ကာတွန်းလက်ရာများ၊ သမိုင်းဝင်မှတ်တမ်းများကို နေအိမ်အ၀င် နှင့် နံရံတို့တွင် ချိတ်ဆွဲပြီး အမှတ်တရအဖြစ် ပြသထားသည်ဟု ဆိုသည်။ ထို့အပြင် ပြည်ပသတင်းဌာနများက ဆရာကြီးကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး ဖော်ထုတ်ရေးသားထားသည့် သတင်းများ၊ စာများကိုလည်း ကပ်ထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts