နယူးယောက်ပြည်နယ် ယူတီကာမြို့မှ သဲအင်းတရားစခန်းပွဲ
ချမ်းမြ (မိုးမခအထောက်တော်)
ဒီဇင်ဘာ ၄၊ ၂၀၁၃
သဲအင်း ဇွဲတင်း အမြဲလင်း ကိုယ့်စိတ် ကိုယ်စစ် ဟူသော လမ်းညွှန်မှုဖြင့် တရားထိုင်ယောဂီ များ အထူး အားရကျေနပ်မှုရှိနေသော မှော်ဘီမြို့နယ်၊ နှောကုန်းကျေးရွာ မူလသဲအင်းဂူဆရာတော်ကြီး၏ ဥပနိဿယအတိုင်း ပထမအကြိမ် အဓိဋ္ဌာန်(၃)ရက်တရားစခန်း ကို နယူးယောက်ပြည်နယ် ယူတီကာမြို့သန္တိသုခကျောင်းတိုက်တွင် နိုဝင်ဘာ(၂၉)မှဒီဇင်ဘာ(၁)ရက်နေ့အထိ (သောကြာ၊စနေ၊တနင်္ဂနွေ)နေ့များတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုတရားစခန်းပွဲကို ကမ္မဋ္ဌာနာစရိယ-ဆရာတော်အရှင်ပညာနန္ဒမှ ဦးဆောင်စီစဉ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆရာတော် ဦးပညာနန္ဒ ကမ္မဌာန်းပြတော်မူသော တရားစခန်းသို့ တရားထိုင်ယောဂီ၂၀ကျော် လာရောက် တရားအားထုတ်ကြသည်။ တရာထိုင်ချိန် နေ့လည်(၁၂)နာရီမှ (၁)နာရီ(တရားနာချိန်) (၁း၃၀)နာရီမှ(၂း၃၀)နာရီ(တရားထိုင်ချိန်) (၃း၀၀)နာရီမှ(၄း၀၀)နာရီ(တရားထိုင်ချိန်) ညနေ(၄း၃၀)နာရီမှ (၅း၃၀)နာရီ(တရားထိုင်ချိန်) တို့တွင် စနစ်တကျတရားအားထုတ်ကြသည်။
အိပ်ချင်တာရယ် ပျင်းတာရယ် မအားတာရယ် အဲဒီသုံးချက်ပယ်လိုက်ရင်တရားရပြီ” အမြင်မှန် အသိမှန်နဲ့သေနိုင်အောင်ကြိုးစားကြ အမြင်မှန် အသိမှန်နဲ့ သေကြပြီဆိုရင် နတ်ပြည်လည်းရောက်နိုင်တယ် ဗြဟ္မာပြည်လည်းရောက်နိုင်တယ် နိဗ္ဗာန်လည်းရောက်နိုင်တယ်။ ဟု တရားစခန်းပွဲ လက်ကမ်းတိုက်တွန်းလွှာတွင် (မူလသဲအင်းဂူဆရာတော်ကြီးဦးဥက္ကဋ္ဌ)၏ ဟောပြောချက်အား ထည့်သွင်းထားသည်ကို တွေ့ရသည်။
ထိုတရားစခန်းပွဲများကို သန္တိသုခ ကျောင်းတိုက်အတွင် အခါအားလျှော်စွာ အဆက်မပြတ် ပြုလုပ်သွားမည်ဟုလည်းသိရှိရ သည်။ တရားစခန်း ဝင်ရောက်ပြီးတရားထိုင်ယောဂီများ၏ အားရကျေနပ် သဘောကျမှုများကြောင့် ဆက်လက်ပြုလုပ်မည့် တရားစခန်းများတွင် ယောဂီ ဦးရေ ပိုမိုများလာမည်ဟု သိရှိရသည် ။
ထိုတရားစခန်းသို့ တရားအားထုတ်လိုသည့် မည်သူမဆို
ကိုအောင်းမြင့်(၃၁၅)၂၇၂-၈၁၁၆ ကိုဇော်စိုင်းအောင်(၃၁၅)၇၄၉-၅၅၄၉ ဘုန်းကြီးကျောင်း=(၃၁၅)၇၃၂-၅၆၃၆ တို့သို့ ဆက်သွယ်နှိုင်ကြောင်းသိရှိရသည်။