>
မိုးမခ အထောက်တော် အမှတ် ၀၀၆
ဧပြီ ၂၅၊ ၂၀၀၉
ပြသချိန် ၈၄ မိနစ် ကြာမြင့်သည့် ယင်း မှတ်တမ်းကားတွင် ၂ဝဝ၇ ခုနှစ်က မြန်မာပြည်၌ ဖြစ်ပွားခဲ့သည့် သင်္ကန်းရောင် တော်လှန်ရေး သံဃာ့ အရေးအခင်းအတွင်း သတ္တိခဲ လူငယ် သတင်းထောက်များ ရိုက်ကူး၍ ပြည်ပသို့ လျှို့ဝှက် ထုတ်ယူခဲ့သည့် ဗီဒီယို မှတ်တမ်းများကို အခြေခံ တင်ဆက်ထားသည်ဟု ရုပ်ရှင်ပွဲတော်မှ ဖြန့်ဝေသည့် စာစောင်ငယ်တွင် ဖော်ပြထားသည်။
ယင်းမှတ်တမ်းကားကို မေလ ၁ ရက် ညနေ ၆ နာရီခွဲ၊ မေလ ၂ ရက် ည ၉း၁၅ နာရီ နှင့် မေလ ၆ ရက် ည ၈း၄၅ နာရီတို့တွင် ဆန်ဖရန်စစ္စကိုမြို့ အမှတ် ၁၈၈၁၊ ပို့စ်လမ်းမ (Post Street) ရှိ Sundance Kabuki Cinemas တွင် ပြသမည်ဖြစ်ပြီး ရုံဝင်ခမှာ အမေရိကန် ၁၂ ဒေါ်လာခွဲ ဖြစ်သည်။
အသေးစိတ် သိလိုပါက www.sffs.org သို့ သွားရောက်ကြည့်ရှုနိုင်ပါသည်။ အဆိုပါ အင်တာနက် စာမျက်နှာ၌ ၁ မိနစ်ခွဲ ကြာမြင့်သည့် မှတ်တမ်းရုပ်ရှင် နမူနာကိုလည်း ပြသထားပါသည်။