>Satellite dishes a threat to the Burmese Regime

>

ဂြိုလ်တုစလောင်းတို့က စစ်အစိုးရကို စိန်ခေါ်ပြီလော
ငြိမ်းချမ်းငြိမ်း
ဧပြီ ၂၄၊ ၂၀၀၉

ယနေ့ ထုတ် မြန်မာ့ အလင်း သတင်းစာ တွင် ဆောင်းပါးရှင် ကိုကြီး (ငွေဇင် ယော်) က “စလောင်းတို့ ဗန်းတို့ ရောင်းတန်းက ရပ်ချိန် တန်ကြပြီ” ဆိုသည့် နိုင်ငံတကာ ရုပ်သံလိုင်း ကြည့်ရှုမှု ဆန့်ကျင်ရေး ဆောင်းပါးကြောင့် ရန်ကုန်မြို့သားများနှင့် စလောင်း တပ်ဆင်ရေး ဈေးကွက်တွင် လှုပ်ခတ် သွားခဲ့ရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နိုင်ငံတကာတွင် မငြိမ်သက်မှုများကို မြန်မာတို့ ဂြိုလ်တု ရုပ်သံလိုင်းများမှ တွေ့ခွင့်ရသောအခါ “အစိုးရဆိုတာ လှုပ်လျှင် ပြုတ်သည်” ဆိုသည့် အတွေးအခေါ်မျိုး ရုပ်သံလိုင်းများမှ တဆင့် ပြည်သူတို့၏ နှလုံးသည်းပွတ်ထဲတွင် ကိန်းဝပ် သွားမှာကို စစ်ဗိုလ်ချုပ်များ အလွန်ကြောက်ပုံရ၏။

မြန်မာပြည်သူများကို မသိမိုးလင်း၊ မသိမိုးချုပ်ဖြင့်သာ နေစေချင်သည့် စစ်အုပ်စု ဗိုလ်ချုပ်များက အင်တာနက် ကွန်ယက်ခွင်ကို မည်ကာမတ္တသာ ပေးထားသကဲ့သို့၊ ယခုလည်း ပြည်သူတို့၏ ဘ၀အမောများကို ဖြေဖျောက် ပေးနိုင်သောအရာဖြစ်သည့် သက်မဲ့စလောင်းများကို သက်ရှိ ဗိုလ်ချုပ်များက အငြှိုးထားလေသောအခါ …

အိမ်ခေါင်မိုးပေါ်မှ စလောင်းများက နိုင်ငံရေး ဖီဆန်မှု၏ သင်္ကေတ တခု ဖြစ်လာပြီး ထိုစလောင်းများ ရှိနေခြင်းသည် စစ်အစိုးရကို တိတ်ဆိတ်စွာ ဆန့်ကျင်ကန့်ကွက်မှု၏ အပြောင်မြောက်ဆုံး သင်္ကေတတခု ဖြစ်သွားပြီလားဟု မေးစရာ ရှိလာသည်။

နေပြည်တော်မှ ဗိုလ်ချုပ်ကြီးများကမူ ပြည်သူပြည်သားများကို ကမ္ဘာနှင့် အဆက်အသွယ် ဖြတ်လို့ ရနိုင်သလောက် ဖြတ်မည်ဟု သံဓိဌာန်ချပြီး ဖြစ်သည်။

ပြည်သူများကလည်း စလောင်း တပ်ဆင်ခြင်းသည် စစ်အစိုးရအား အသံတိတ် တိုက်ပွဲ ၀င်နေခြင်းဟု မကြေညာသော ဆုံးဖြတ်ချက်တစ်ခုကို ချထားပြီးပုံရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts