>Myo Myint Cho – The Hunger

>

အဆာမပြေပုံများ

မျိုးမြင့်ချို

ဧပြီ ၂၂၊ ၂၀၀၉

အကောင်းဖြစ်ဖြစ် အဆိုးဖြစ်ဖြစ်

အမြစ်ကနေ လှန်သစ်မယ်ဆိုပြီး

ဘာ … ရမက်ပေါ်မှာမှ

ဘဝကို မစိုက်ပျိုးမိတာ

မိုက်တွင်းနက်မှု … တဲ့

ကျနော့် ငွေတွင်းလည်း မတိမ်ပါဘူး။

“ဖခင်ကြီး” ဆိုသူက

“စိတ်နဲ့တောင်မပြစ်မှားနဲ့” တဲ့

ကျနော်က

ကံ ၃ ပါးလုံးနဲ့ မှောက်မှားပြီး

“သော့အိမ်” မှာ

ပိတောက် ၁၅ ကြိမ်အပွင့်ခံတယ်။

တခုတော့ရှိတယ်

ငြိမ်းချမ်းချင်ရုံလေးနဲ့

စစ်ထွက်ခဲ့လား ဆိုလည်း

မဟုတ်ပြန်ဘူး။


တခုတော့ရှိတယ်

အဆိုးထဲမှာ

အကောင်းရှာလား ဆိုလည်း

မဟုတ်ပြန်ဘူး။


ဒီတုန်းက

မစားရဝခမန်း မနက်ဖြန်တွေ …

ခုလို –

သဲရှပ်ပုံနဲ့သာ ကြိုပြီး ပက်ပင်းတိုးထားရင်

အန္တရာယ်ကင်း ဂါထာတွေများ

ရွတ်ဖတ်နေမလားမပြောတတ်ပါဘူး။


အမေပြောတဲ့

မသေကောင်း မပျောက်ကောင်း … ပါပဲ

ဒါပေမယ့်

သေကောင်းပေါင်းလဲ ဘဝ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts