>
တောင်ရိုးပေါ်ကသစ္စာသမားသို့
အောင်သာငယ်
ဧပြီ ၅၊ ၂၀၀၉
အောင်သာငယ်
ဧပြီ ၅၊ ၂၀၀၉
လမ်းထွင်းခဲ့တဲ့
ပန်းတခြင်းထဲ…
တင်မိုး၊ ကြည်အောင်
စွမ်းရည်၊ မောင်သာနိုး
ပန်းအမျိုးမျိုးဝေလို့…
ကဗျာ့ တပ်မှူးကြီး…
ဗိုလ်ချုပ်မှူးကြီးတွေထက်
ခမ်းနားကြီးမြတ်သပေါ့…
တံဆိပ်တွေ အထပ်ထပ်
ကိုယ်ပေါ်မှာ ဇွတ် အတင်း အဓမ္မ
ဆွဲယူ ကပ်ပြနေစရာမလို…
ပြည်သူတွေ ကိုယ်တိုင်
ဆွဲချိတ်ပေးလိုက်တဲ့
ချစ်ခြင်းမေတ္တာတွေအနန္တနဲ့
လှပနေခဲ့ပြီးသား…
သစ္စာတိုင် ဆိုတဲ့ သီချင်းက
နှလုံးသားကို ရှင်းလင်းခဲ့ပြီးသား…
မာရသွန်မှာ
သက်လုံကောင်းခဲ့တာ
ကြည်အောင်ဆိုတဲ့ ဆရာပါပဲ…
သည်တောင်ရိုးမှာ
ကျားဆိုးတွေ ဆရာ သတ်ခဲ့ …
ခုတော့
ဆရာ့ကို
ဘယ်သူ သတ်ခဲ့ပြီလဲ…
ဆရာမသေပါဘူး…
ဒါကိုပဲ
ကျနော်တို့
ရွတ်ဖတ်နေကြတယ်… ။