>
သင်္ဘောသဘော၊ မြစ်သဘော
ပန်းချီ ထိန်လင်း
မတ် ၂၂၊ ၂၀၀၉
မြစ်ထဲ သင်္ဘောတစ်စီး၊
ခုတ်မောင်းနေလေရဲ့။ 
သင်္ဘောဟာ ခရီးတစ်ခုကို   သွားနေသလိုပဲ၊
မြစ်ဟာလဲ    ခရီးတစ်ခုကို   သွားနေတာပဲ။ 
သင်္ဘောက   မြင်းလို       ခွါသံပြင်းပြီး။
မြစ်ကတော့ ကြောင်လို    ခြေသံလုံလှတယ်။ 
ဆိပ်ကမ်းရဲ့  ပျူငှာမှူနဲ့  ကြုံတဲ့ခါ၊
သင်္ဘောက  ရပ်နေပေမဲ့၊
မြစ်ကတော့  မရပ်ဘူး။
(မြောင်းမြထောင်မှာ နေခဲ့စဉ် ကာလ၊
ညညဆို အနားက မြစ်ထဲ သင်္ဘောဥသြဆွဲသံကြီးက
လွမ်းဖွယ် ကြားကြားနေရ
ဒါကနေ ရေးဖြစ်သွား …
ကဗျာနေ့အမှတ်တရ  မိုးမခသို့ 
ပြန်စဉ်းစားပြီး ရေးလိုက်တာ ကဗျာ …)