>trip

>

ခရီး ……
ဒေါင်းရိုင်း
မတ် ၃၊ ၂ဝဝ၉


ပန်းပွင့်ကိုယ်စားလှယ်တွေနဲ့
အခေါ်လွှတ်လိုက်တော့
ကျနော်လာခဲ့ပြီ ……..။

မုန်တိုင်းနက်တွေဟာ
လိုဏ်ခေါင်းဖြူတွေကို
ဆေးဆိုးတဲ့အချိန် …..။

ပင်လယ်နီဟာ ကွဲဖြာထွက်
တန်ခိုးရှင်ရဲ့ မြင်းဖြူတော်တွေကို စီးပြီး …..
ဖြတ်သန်းခဲ့သူတွေလိုပေါ့ …….

ကျနော် လာခဲ့တယ်
ကျနော့်ကို ဝိုင်းနေတဲ့
တိမ်ထု တိမ်တောင်တွေကို မ ချီ ရိုက်ချိုးလို့
မဟာသမုဒ္ဒရာ အစင်းစင်းထဲမှာ နှစ်မြှုတ်ပြီး
ကျနော်လာခဲ့တယ် ………..။ ။