>Journal Digest – Feb 25th 2009

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ

ဂျာနယ်ဂြိုလ် သာဂိ

ဖေဖော်ဝါရီ ၂၅။ ၂၀၀၉

နိုင်ငံ “သား” အကျဉ်းသား ၆၃၁၃ လွတ်ငြိမ်းချမ်းသာခွင့်ပေးဟု သတင်းစာများက ဖော်ပြ (နိုင်ငံ “ရေး” အကျဉ်းသား မဟုတ်ကြောင်း သိသာစေရန် ထင်မိ – စကားချပ်)။ ကျောင်းများတွင် “စင် သုံး စင်” ရမည့် စီမံချက် ချမှတ် (ဆေးလိပ်၊ ခြင်ကြားနှင့် အမှိုက် ကင်း “စင်” ရေး တို့ဖြစ်)။ သီတဂူဆရာတော် နာဂစ်ပညာရေးအတွက် ရွာ ၂၃ ရွာက ကျောင်း ၂၃ ကျောင်းကို လှူဒါန်း နိုင်ခဲ့။ တရုတ် မြန်မာ ကုန်သွယ်ရေး ဒေါ်လာ သန်း ၁၈၀၀ ရှိပြီဟု ဆို။ ပိတ်ချင်းမြှောင်ကဲ့သို့ ထုံးကျောက်လှိုင်ဂူကြီး တခု မန္တလေးမြို့အနီးမှာ တွေ့ပြီ (၀င်္ကပါ လှိုင်ဂူဟု ခေါ်)။ ၂၀၀၉ အတွင်း လကြပ်မှု ၃ ကြိမ် ကြုံမည်။ ဗေဒင် ယတြာဖြင့် စာမေးပွဲအောင်နိုင်ခြေ ၄၀ ရာခိုင်နှုန်း ရှိသည်။ ကက၊ ခခ ကားများ မီတာမတပ်က ၉ လ ကားသိမ်းမည်။ တခါပြင် ကျပ် ၅၀၀ နှင့် အောက် ထမင်းဆိုင်များ အရောင်းသွက်။ အကယ်ဒမီ ဂယက်။ “ထူး” ဖောင်ဒေးရှင်းက သဘာ၀၀န်းကျင်ထိမ်းသိမ်းရေးကို အားပေးမည်။ ဘင်္ဂလားဒေ့က ဆိုင်ဘာဆက်ကြောင်း တပ်ဆင်မည်။ အပြည့်အစုံကို ဒီမှာ ဖတ်ပါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts