>Indonesia to repatriate 193 boat migrants

>

အင်ဒိုရောက် ရိုဟင်ဂျာများ ရှေ့ရေး မသေချာ
ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၂၈
အင်ဒိုနီးရှား ရေတပ်စခန်းတခုတွင် အထိန်းသိမ်းခံနေရသော ရိုဟင်ဂျာများ ယနေ့ ညနေပိုင်းက ဘုရားဝတ်ပြုနေစဉ် (အပေါ်ပုံ)။ ၎င်းတို့သည် အင်ဒိုနီးရှားသို့ လွန်ခဲ့သည့် ၃ ပတ်က ရောက်ရှိခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။ ၎င်းတို့လှေတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ရိုဟင်ဂျာ ၁၉၃ ဦး ပါဝင်ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ရာ ထိုင်းစစ်သားများက ကောင်းမွန်စွာ ဆက်ဆံခြင်း မရှိခဲ့ကြောင်း၊ သင့်လျော်သည့် ထောက်ပံ့မှုများ မပေးဘဲ ပင်လယ်တွင်းသို့ တွန်းပို့ခဲ့ကြောင်းလည်း ပြောပြခဲ့သည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ထုတ်ပြန်သည့် အေပီသတင်းတပုဒ်တွင် “အင်တာဗျူးထားတာတွေကို ကြည့်ပြီး ပြောနိုင်တာကတော့ ဒီလူတွေက နိုင်ငံရေး ခိုလှုံခွင့် တောင်းတဲ့သူတွေ မဟုတ်ဘူး၊ အလုပ်အကိုင်ရဖို့ ရွှေ့ပြောင်းသွားနေတဲ့သူတွေပဲ” ဟူသော အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး၏ ပြောဆိုချက်ကို ကိုးကားရေးသားထားသည်။
၎င်းတို့ကို အင်ဒိုနီးရှားတွင် နေထိုင်ခွင့် ပြုမည်မဟုတ်ဟု ဆိုသော်လည်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ မည်သို့ မည်ပုံ ပို့ဆောင်မည်ဆိုသည်ကိုမူ မသိရသေးပေ။ (ဓာတ်ပုံ – AP)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts