>
 ဒီခန္ဓာ
ဉာဏ်ဦးမောင်
ဒီဇင်ဘာ ၁၆၊ ၂၀၀၈
ဉာဏ်ဦးမောင်
ဒီဇင်ဘာ ၁၆၊ ၂၀၀၈
ဟိုတနေ့က  
အမေပါးတဲ့  
မေတ္တာစကား  
ကြားလိုက်ရတယ်  
နားတွင်မက  
နှလုံးသားထိ  
ပျံ့နှံ့စွဲငြိ  
ချိုသာဘိ။  
ဟိုတနေ့  
အဖေပါးတဲ့  
အားဆေးစကား  
စားလိုက်ရတယ်  
လျှာတွင်မက  
တခန္ဓွာလုံး  
ပျံ့နှံ့ဆုံးထိ  
အားအင်ပြည့်။  
မေတ္တာနှလုံး
ပျံ့နှံ့ဖုံးသော
ခန္ဓွာစဉ်တန်း
အားအင်လျှမ်းသော
ကောင်းခြင်းစုံစွာ
ဒီခန္ဓွာ  
ဒဏ်ရာ  
ဘယ်မှာ တွယ်လာဘိ။   ။
ဉာဏ်ဦးမောင်
ဒီဇင်ဘာ ၁၅၊ ၂၀၀၈