Uncategorized

မင်ဒဲလား အသက် ၉၅ နှစ်အရွယ်မှာ ကွယ်လွန်


မိုးမခအထောက်တော် အမှတ် ဝဝ၁ /
ဒီဇင်ဘာ ၆၊ ၂၀၁၃
 


တောင်အာဖရိကနိုင်ငံ၏ ခေါင်းဆောင်ကြီး အသက် ၉၅ နှစ်အရွယ် နယ်လ်ဆင်မင်ဒဲလား ကွယ်လွန်သွားကြောင်း  သမ္မတ ဂျက်ကော့ဇူးမားက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
 .
 
 “Our nation has lost its greatest son” – တောင်အာဖရိကသည် နိုင်ငံ၏အကြီးမြတ်ဆုံးပုဂ္ဂိုလ်ကို လက်လွှတ်လိုက်ရပြီဟု ဂျက်ကော့ဇူးမားက ဆိုသည်။

မင်ဒဲလားသည် တောင်အာဖရိကနိုင်ငံ၏ ပထမဆုံး လူမည်း သမ္မတ၊ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုခေါင်းဆောင် ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးဖြစ်သည်။

သူ၏ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် နှစ်ပေါင်း ၃၀ ခန့် အကျဉ်းချခံခဲ့ရသည်။  အာဏာရှင်လူဖြူအစိုးရက သူနှင့် စေ့စပ်ဆွေးနွေးပြီးနောက် အကျဉ်းထောင်မှ ပြန်လွှတ်ပေးကာ တောင်အာဖရိကအပြောင်းအလဲကို ဖော်ဆောင်ခဲ့ကြသည်။

သူဦးဆောင်ပြီး အကောင်အထည်ဖော်ခဲ့သည့် တောင်အာဖရိကနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးလမ်းစဉ်ကို မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ အပါအ၀င် နိုင်ငံတကာက စိတ်ဝင်တစား လေ့လာခဲ့ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts