>Burmese in LA host Burmese Literary Talk marking 88 th National Day

>


အယ်လ်အေ အမျိုးသားနေ့ စာပေဟောပြောပွဲ စည်ကား

မိုးမခ၊ ဓာတ်ပုံသတင်း

(ဓာတ်ပုံ – မိုးမခ၊ ငယ်ဦးမွန်)

နိုဝင်ဘာ ၂၆၊ ၂၀၀၈

ပြီးခဲ့တဲ့ တနင်္ဂနွေက အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားဒေသ၊ အယ်လ်အေမြို့ရောက် မြန်မာမိသားစုများနဲ့ အယ်လ်အေ သြဂနိုက်ဇာ၊ မန္တလေးဂေဇက်အဖွဲ့တို့ ၀ိုင်းဝန်းဆောင်ရွက်ကြတဲ့ အမျိုသားနေ့ စာပေဟောပြောပွဲကို စာရေးဆရာ မောင်သာရ၊ ကဗျာဆရာနဲ့ ဝေဖန်ရေးဆရာ မောင်စွမ်းရည် နဲ့ ကဗျာဆရာ အောင်ဝေးတို့ကို ဖိတ်ကြားပြီး စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ ရေးသူ ဖတ်သူ မေးဖြေကဏ္ဍကိုလည်း အချိန်ယူ ကျင်းပနိုင်ခဲ့တာ တွေ့ရပါတယ်။

အခမ်းအနားစီစဉ်သူများက တင်ဆက်သူ ၂ ဦး အပြန်အလှန် စကားပြောဆိုပြီး ပွဲကို တင်ဆက်ခဲ့ပါတယ်။ စာရေးဆရာများကို လူငယ်များက မိတ်ဆက်ပေးပြီး စင်ပေါ်ဖိတ်ခေါ်တဲ့ ပုံစံ ပြုလုပ်ခဲ့ပါတယ်။ နေ့ခင်း ၂ နာရီက ၆ နာရီ သတ်မှတ်ထားရာမှာ ညနေ ၈ နာရီ ကျော်အထိ ပွဲကို ကျင်းပခဲ့တယ်။ အလှူရှင်များ၊ စေတနာရှင်များနဲ့ လုပ်အားပေးများနဲ့ စည်ကားလှပါတယ်။