ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

ပညာဒါနထိရောက်မှု ရှိစေရေးအတွက်
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇူလိုင် ၁၇၊ ၂၀၁၃


နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခအလင်းပညာဒါနမှ ၂ဝ၁၁ ခုနှစ်၊ ဇွန်လမှစ၍ ဆေးတက္က သိုလ်နှင့် ပညာရေးတက္ကသိုလ် တက် ရောက်ခွင့်ရသော ကျောင်းသား/သူများတို့အား ပညာသင်ဆုများ ရွေးချယ်၍ ချီးမြှင့်ပေးခဲ့ရာ ၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လအထိ ကျောင်းသား/သူ စုစုပေါင်း (၃၆) ဦးတို့အား ပေးအပ်ချီးမြှင့်နိုင်ခဲ့ပါသည်။ ယခုအခါ မိမိတို့အသင်းသို့ ပညာသင်ဆုလာရောက်လျှောက်ထားသည့် ကျောင်း သား/ သူဦးရေ ပိုမိုများပြားလာခဲ့ရာ အမှန်တကယ်လိုအပ်နေသော ကျောင်းသား/သူများကို စနစ်တကျ ထိရောက်စွာပံ့ပိုးလိုပါသည်။

သို့ဖြစ်ပါ၍ မိမိတို့အသင်းအဖွဲ့နည်းတူ ဆေးတက္ကသိုလ်နှင့် ပညာရေးတက္ကသိုလ် ပညာသင်ဆုများ ချီးမြှင့်ပေးနေသော အခြားသောအသင်း အဖွဲ့များအနေဖြင့် မိမိတို့နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သုခအလင်းပညာဒါနနှင့် တွေ့ဆုံဆွေးနွေးနှီးနှောဖလှယ်ပြီး လတ်တ လော ပညာသင်ဆုချီးမြှင့် ပေးအပ်ထားသော ကျောင်းသား/သူများ၏စာရင်းများကို တိုက်ဆိုင်စစ်ဆေးခြင်းဖြင့် အမှန်တကယ်လိုအပ်လျှက်ရှိ နေသော ကျောင်းသား/သူများကို ပိုမိုထိရောက်စွာ ကူညီနိုင်မည်ဖြစ်ပါသောကြောင့် ဆွေးနွေးလိုသည့် အဖွဲ့အစည်းများသည် မိမိတို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) ဖုန်း ဝ၁ – ၅၈ဝ၁၃၃ သို့ ဆက်သွယ်နိုင်ပါကြောင်း ပညာအကျိုးမျှော်ကိုးလျှက် လေးစားစွာအသိပေး အကြောင်း ကြားအပ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts