>Maung Yit, OBama and Daw Aung San Suu Kyi

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

သမ္မတလောင်း အိုဘားမား အခု ၄၇ နှစ်၊ လွန်ခဲ့တဲ့ အနှစ် ၂၀ တုံးက ဒေါ်စု ၄၃ နှစ်

မောင်ရစ်

အောက်တိုဘာ ၂၆၊ ၂၀၀၈



မက်ကိန်းနဲ့ အိုဘားမား ဘယ်သူကို ထောက်ခံသလဲလို့ မေးကြတယ်။ နိုင်ငံတကာက လူတွေက အိုဘားမားကို ထောက်ခံကြတယ်လို့ ရီးဒါးဒိုက်ဂျက် စစ်တမ်းက ပြောတယ်။ အမေရိကန်တွေကတော့ တ၀က် တ၀က်လို့ စီအင်အင်က ဆိုတယ်။ အခုတော့ အိုဘားမား နည်းနည်းတော့ နှာတဖျားသာလာပြီ ဆိုတယ်။


အိုဘားမားက မျိုးဆက်သစ်တွေ၊ လူငယ်တွေကို မဲရုံဆီ ခေါ်နိုင်တဲ့လူ။ လူကြီးတွေပဲ မဲပေးနေတဲ့ ခေတ်ကြီးကနေ ကန့်လန့်တိုက်တဲ့ မျိုးဆက်သစ်တွေ၊ လူငယ်တွေကို မဲရုံထဲကို ဆွဲဆောင်နိုင်တဲ့ လူ၊ မဲပေးတဲ့ နိုင်ငံသားတွေနဲ့ ဆောင်ရွက်တဲ့ နိုင်ငံရေးစနစ်ရဲ့ မျှော်လင့်ချက်ကို သယ်ဆောင်လာသူ ဖြစ်ပါတယ်။



အခု သူ့အသက် ၄၇ နှစ်၊ (၁၉၆၁ ဖွား) သမ္မတလောင်းအဖြစ် အမေရိကန်ကို ကိုင်လှုပ်၊ တမ္ဘာလုံးကို ကိုင်လှုပ်တဲ့ လူရွယ်၊ လူမည်းကပြားတဦး။ ၂၁ ရာစု အပြောင်းအလဲမှာ ထူးခြားတဲ့ မျိုးဆက်သစ် လှုပ်ရှားမှုတခု ဖြစ်ပါတယ်။ သာမန်ရိုးကျ ဇာတ်ခုံ ဇာတ်ညွှန်းတခု မဟုတ်ဘူးလို့ ဆိုချင် ဆိုနိုင်ပါတယ်။



အမေရိကန်တဦးအနေနဲ့ သူတို့သက်တမ်းမှာ သမ္မတလောင်း လူရွယ်တဦးနဲ့ ကြုံဆုံရတာကို သူတို့က ထောက်ခံသည် ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ စိတ်လှုပ်ရှားတက်ကြွနေကြချိန်လည်း ဖြစ်ပါတယ်။



အမေရိကန်မဟုတ်တဲ့ မဲမပေးနိုင်တဲ့ ပြည်ပက လူတွေက အိုဘားမားကို ထောက်ခံကြတာ သူတို့ ရည်ရွယ်ချက်နဲ့ သူတို့ ရှိကြမှာပေါ့လေ။



မောင်ရစ်ကတော့ ရင်ထဲက ခံစားချက်လေး ၁ ခု နဲ့ သူ့ကို ထောက်ခံချင်တာပါ။ လွန်ခဲ့တဲ့ အနှစ် ၂၀ က မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ခေါင်းဆောင်၊ သူ့အသက် ၄၃ နှစ်။ အတိုက်အခံခေါင်းဆောင်။ ရှားရှားပါးပါး ၉၀ ရွေးကောက်ပွဲမှာ ၀င်ခွင့်မရခဲ့။ ယခုအချိန်ထိ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင်။



အော် … ငါတို့ လွန်ခဲ့တဲ့ အနှစ် ၂၀ က မင်းတို့ စိတ်လှုပ်ရှားတက်ကြွသလိုမျိုး ငါတို့လည်း ဖြစ်ခဲ့ဘူးပါတယ် … ဒီတခေါက် မင်းတို့တိုင်းပြည်အတွက် ကံကောင်းခြင်းလက်ဆောင် ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါရဲ့ …



အခုတော့ ဒေါ်စု ၆၃ နှစ်။ ရေတွေ စီးသွားပြီ …

(Photo – Daw Aung San Suu Kyi at 1989, File Photo)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts