Nay Linn Nyi – Poem

လုပ်ကြံမှုများ၏ ခြားနားချက်
နေလင်းညီ်
ဇူလိုင် ၁၈၊ ၂၀၁၃


ဂဠုန်ဦးစောနဲ့
အပေါင်းအပါတွေက
ဗိုလ်ချုပ်အောင်ဆန်းတို့
ပြည်သူ့ခေါင်းဆောင်တွေကို
နာရီပိုင်းအတွင်း 
လုပ်ကြံခဲ့ 
အသက်သေသွားကြပေမဲ့ 
အမည်မသေခဲ့ …။
အာဏာရူးတွေနဲ့
စစ်အပေါင်းအပါတွေက
ပြည်သူလူထု 
အများစုကို 
နှစ်ပေါင်းငါးဆယ်ကျော်ကျော်
လုပ်ကြံခဲ့
အသက်မသေပေမဲ့ 
အသိတွေ သေသွားခဲ့ 
ဘဝတွေသေသွားခဲ့

အလှတွေ သေသွားခဲ့ …။