>Liqure Ad banned in Burmese local journal publications

>

အရက်ကြော်ငြာများ ဂျာနယ်များတွင် ထည့်သွင်းခွင့်ပိတ်ဟု ဆို
မိုးမခ အထောက်တော် ၀၀၃
ဇူလိုင် ၃၊ ၂၀၀၈

ပြည်တွင်း အပတ်စဉ်ဂျာနယ်များတွင် နေရာယူထားသော အရက်ကြော်ငြာများ ကို ထည့်သွင်းခွင့် မပြုတော့ကြောင်း စာပေစိစစ်ရေးက တင်းကြပ်လိုက်သည်ဟု ယမန်နေ့က ဂျာနယ် အသိုင်းအ၀ိုင်းတွင် သတင်းထွက်လာသည်ဟု ဆိုသည်။ အထူးသဖြင့် အားကစားနှင့် ခေတ်ပေါ် ပေါ့ပ် ဂျာနယ်များအတွက် ၀င်ငွေ အကြီးအကျယ်ထိခိုက်ဖွယ် ဖြစ်သည်ဟု သတင်းရရှိသူက မှတ်ချက်ပေးသည်။ ပြည်ပ သရုပ်ဆောင်များသာမက ပြည်တွင်း မော်ဒယ်သရုပ်ဆောင်များနှင့်ပါ အရက်ကြော်ငြာ ရိုက်ကူးထည့်သွင်းခွင့် မရှိဟု ဆိုကြောင်း အတည်မပြုနိုင်သည့် သတင်းရပ်ကွက်က ပြောသည်။ မူးယစ်ဆေးဝါး ကောလဟာလများ ပြည်တွင်းတွင် ဖြစ်ပေါ်နေဆဲတွင် ယခုကဲ့သို့ တားမြစ်သည့်သတင်းထွက်လာခြင်း ဖြစ်သည်။