>
 ကာတွန်းဦးဖေသိန်း,
ကာတွန်းဦးဖေသိန်း, 
မိုးမခ
ဧပြီ ၂၂၊ ၂၀၀၈
        ‘I am a cartoonist also a journalist.’
ကာတွန်းသမားဘ၀ ကာတွန်းဆရာဘ၀ သက်ရှိထင်ရှားရှိနေဆဲ ကာတွန်းဆရာကြီးဦးဖေသိန်း ကို ကာတွန်းချစ်သူများ လေ့လာမှတ်သားနိုင်ဖို့ ရည်ရွယ်ပါသည်။ 

၁၉၄၇ တွင် ဆရာကြီးဦးဘဂျမ်း၏ မြေတောင်မြှောက်ပေးမူဖြင့် ဆရာကြီးဦးညိုမြ၏ ဖိတ်ခေါ်မူတို့ကြောင့် စာပေအနုပညာလောကထဲသို့ လုံးလုံးလျားလျား ရောက်ရှိခဲ့သည်။
၁၉၄၈ တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာအသင်းကြီးနှင့် မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှ ကျင်းပသော မြန်မာလွတ်လပ်ရေး အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲတွင် ပထမဆု၊
၁၉၅၁ တွင် ဗိုလ်ချူပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ကာတွန်းပြိင်ပွဲတွင် ပထမဆု၊
ရွှေတိဂုံ အနောက်မုဒ် စက်မူလက်မှု ကာတွန်းပြိုင်ပွဲတွင် ပထမဆု၊
သောင်းကျန်းမှုနှိမ်နင်းရေးကာတွန်းပြိုင်ပွဲတွင် ပထမဆု၊ လာဘ်ပေး လာဘ်ယူ ဒို့ရန်သူ ကာတွန်းပြိုင်ပွဲတွင် တတိယဆုများရရှိခဲ့သည်။
၁၉၃၄ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့သော တန်ဆောင်တိုင် ကာတွန်းမီးထွန်းပွဲတော်ကို စစ်ဖြစ်၍ ရပ်နားခဲ့ရသော်လည်း ၁၉၄၂ တွင် ပြန်လည် ကျင်းပနိုင်ခဲ့သည်။ ဦးဘဂျမ်းနှင့် ဦးဖေသိန်းတို့ပျော်ပျော်ပါးပါး ရေးဆွဲခဲ့ကြရပါသည်။
၁၉၆၀ မှစ၍ တန်ဆောင်တိုင် ကာတွန်းမီးထွန်းပွဲတော်မှစ၍ ကာတွန်းပြိုင်ပွဲများ ကျင်းပခဲ့ကြသည်။
၁၉၅၇ တွင် မြန်မာကာတွန်းဆရာများအသင်းကို ဖွဲ့စည်းခဲ့သည်။ ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ ကာတွန်းဆရာအသင်း၏ ဖွဲ့စည်းပုံ စည်းမျဉ်းများ၊ အဖွဲ့တံဆိပ်များကို ကိုယ်တိုင် ရေးခဲ့သည်။
“ဘဂျမ်း ဂျာနယ်ပြောင်” ကို အယ်ဒီတာလုပ်၍ ထုတ်ဝေခဲ့သည်။ ကြေးမုံ သတင်းစာ ပေါ်ပေါက်လာသောအခါ လခစားကာတွန်းဆရာဘ၀သို့ ရောက်ရှိခဲ့သည်။ ဦးဖေသိန်းသည် ကြေးမုံသတင်းစာ ပြည်သူပိုင်ဖြစ်လာသည်အထိ လခစားလုပ်ခဲ့သည်။ “ကြေးမုံ” ဟူသော ခေါင်းစည်းစာလုံးကို ဦးဖေသိန်း ရေးဆွဲခြင်းဖြစ်သည်။
ကာတွန်းဦးဖေသိန်းသည် ဖဆပလခေတ်တွင် မြန်မာ့အလင်းသတင်းစာ၌ပြောင်မြောက်သော နိုင်ငံရေးကာတွန်းဆွဲခဲ့ခြင်းကြောင့် ဖဆပလအစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦးဖြစ်သူ ဆမားဒူးဝါး ဆင်ဝါးနောင် (ကချင်မျိုးသားခေါင်းဆောင်) က ၎င်းနိုင်ငံရေးကာတွန်းကို နှစ်သက် သဘောကျခြင်းကြောင့် ကာတွန်းဦးဖေသိန်းအား ကျပ်ငွေ တရာ ဆုချခဲ့ပါသည်။ ၃-၁၁-၅၂ နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ၎င်းကာတွန်း ဖော်ပြခဲ့သည်။
    အိုးဝေ သတင်းစာ၊ ဟံသာဝတီ သတင်းစာ၊ ဗမာ့ခေတ် သတင်းစာ၊မြန်မာ့အလင်း သတင်းစာ
မြန်မာ့အလင်း (တပတ်တခါ အထူးထွက် ကာတွန်း)၊ ဗမာ့ခေတ် သတင်းစာ(လောက ပီတိနှင့် လောကနီတိ)၊ ကြေးမုံ (ကြေးမုံနီတိ)၊ အိုးဝေ (အထူးကဏ္ဍ)များ ရေးသားခဲ့သည်။ ဟံသာဝတီ၊ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာများလည်း မကျန်ပါ။
ဆုရကာတွန်းစာမှာ နိုင်ငံရေးခေါင်းဆောင်တဦးသည် ဘိလပ်ဖြစ် ည၀တ်အင်္ကျီကြီးကို ၀တ်၍ အိပ်ရာမှအထတွင် အမေရိကန်ဖြစ်သွားပွတ်တံ သွားတိုက်ဆေးတို့ကို သုံးကာ၊ ပြင်သစ်ကော်ဖီ၊ သြစတြေလျ ထောပတ်နှင့် အင်္ဂလိပ် ဘီစကွပ်မုန့်တို့ကို စားသောက်ပြီးလျှင်၊ ယိုးဒယား ဗန်ကောက် လုံချည်၊ ဂျပန် ပိုးအင်္ကျီနှင့် အင်္ဂလိပ် ရှူးဖိနပ်တို့ကို ၀တ်ဆင်၍ ဘိလပ် စီးကရက်ကို ဂျာမန် ဓါတ်မီးခြစ်နှင့် ခြစ်သောက်ပြီးသော် အမေရိကန်ကားကြီးကို စီးပြီးသကာလ ဗမာ့စီးပွားရေး ထူထောင်ရေး အစည်းအဝေးကြီးတွင် အမေရိကန်အသံချဲ့စက်ဖြင့် တရားဟောလေသတည်း … ဟု ပါရှိပြီး၊ တရားဟောရာ၌ ဗမာ့စီးပွားရေးနာလံထူဖို့ ပြည်တွင်း ဗမာဖြစ်ကိုသာ ၀ယ်ယူ အားပေးကြပါဟု ဆိုနေပုံ ဖြစ်သည်။
ဦးဖေသိန်းရေးဆွဲခဲ့သော သောကြာစာစောင် မျက်နှာဖုံးများကိုလည်း လူကြိုက်များလျှက်ရှိသည်။ ဦးဖေသိန်းသည် သောကြာစာစောင် စ ထွက်ကတည်းက ယနေ့တိုင် သောကြာစာစောင် မျက်နှာဖုံး ဆွဲခဲ့သည်မှာ ၁၉၈၀ ဆိုလျှင် ၂၅ နှစ် ပြည်ခဲ့ပါပြီ။
၁၉၇၈ မတ်လတွင် မော်ကွန်းဝင်အမှတ် ၅၉၊ အမိန့်ကြော်ငြာစာအမှတ်၂၀/၇၈ ဖြင့် လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယဆင့် ရရှိခဲ့သည်။
ဆရာကြီးရေးဆွဲခဲ့သောကာတွန်းအမျိုးအစားများ …
– Comic Cartoon – ကလေးများအတွက် ကာတွန်း
– Satire Cartoon – အထေ့အငါ့ကာတွန်း
– ပညာပေး၊ သတိပေး၊ ယာဉ်အန္တရယ်၊ မီးအန္တရာယ် ကာတွန်း
– တကွက် ကာတွန်း၊ လိုရင်းတိုရှင်း ထိထိမိမိ ကာတွန်း
– စာမဲ့ ကာတွန်း၊ လူမျိုးမရွေး နားလည်သော ကာတွန်း
– ကာတွန်း ရုပ်ရှင်၊ ပွင့်ကောင်း ငါးပိ ငံပြာရည် ကြောငြာ(မပြီးပြတ်ခဲ့ ၁၉၆၂)
– Current News Cartoon – လတ်တလော ဖြစ်ပေါ်နေသော သတင်း ကာတွန်း
– ကြော်ငြာကာတွန်းများဖြစ်ပါသည်။
ဆရာကြီးဘ၀တွင် လတ်တလောဖြစ်ပေါ်နေသော သတင်း၊လူတိုင်း စိတ်ဝင်စားနေသော သတင်း၊ ကာတွန်းများကို ထိထိမိမိရှိလှသော တစ်ကွက် ကာတွန်း ရေးဆွဲခဲ့ရသောအချိန်အခါတိုင်း ၀မ်းသာပီတိဖြစ်ရပါကြောင်း ဆရာကြီးက ဆိုခဲ့ဖူးတာကို အမှတ်ရမိပါသည်။
    ဆရာကြီး အသက်ရာကျော်ရှည်၍ ကျမ်းမာချမ်းသာစွာဖြင့် မြန်မာ့ ကာတွန်းလောကကြီးကို
 အိုးဝေဂျာနယ်မှာ ဦးဖေသိန်း ရေးဆွဲဖော်ပြခဲ့သော ဦးညိုမြ၏ ပုံ
အိုးဝေဂျာနယ်မှာ ဦးဖေသိန်း ရေးဆွဲဖော်ပြခဲ့သော ဦးညိုမြ၏ ပုံ
၁၉၉၆ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ မှာ မွေးနေ့အမှတ်တရ
 ဆရာကြီး၏ မွေးနေ့ဆုတောင်း ကာတွန်းပန်းချီ
ဆရာကြီး၏ မွေးနေ့ဆုတောင်း ကာတွန်းပန်းချီ
ဘေးရန်ခတ်သိမ်း … ကင်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း … ကင်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း … ကင်းငြိမ်းကြပါစေ၊
နှလုံး စိတ်ဝမ်း…ငြိမ်းချမ်းကြပါစေ။ ”
၁၉၇၃-၉-၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာဖြတ်ပိုင်း၊
၁၀-၂-၇၂ အိုးဝေ ဂျာနယ်မျက်နှာဖုံး
၁၉၈၀ သောကြာစာစောင်မှဦးဖေသိန်းဓါတ်ပုံများ
ဆရာကြီးဦးဖေသိန်းမွေးနေ့အမှတ်တရအဖြစ် အသက်ရ၀ ပြည့်မွေးနေ့မှစ၍ ပြုလုပ်ခဲ့သော မွေးနေ့ကဒ်များ၊
မြန်မာကာတွန်းဆရာများ ၁ စာအုပ်မှ ဆရာကြီးကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအကျဉ်းတို့ မှ စုစည်းတင်ပြလိုက်ခြင်း ဖြစ်ပါသည်။









