ကေအောင်ခင်
မတ် ၁၅၊ ၂၀၀၈
နိုင်ငံတော်ရဲ့ လုပ်ရပ်တွေဟာ အရေးကြီးသော တိုးတက်ဖြစ်ထွန်းမှု ခြေလှမ်းတစ်ရပ်ဖြစ်တဲ့အကြောင်း ဖေဖော်ဝါရီလထဲမှာ ကြေညာချက်ထုတ်ပြီး ကြိုဆိုပါတယ်။ ကေအိုင်အိုနဲ့ နိုင်ငံတော်နဲ့အကြားမှာ လူတွေမသိတဲ့ ဆက်ဆံရေးတွေရှိလို့ အားတက်သရောထောက်ခံလိုက်ပုံရပါတယ်။ တကယ်တော့ ကေအိုင်အိုအရာရှိတွေ အမျိုးသားညီလာခံမှာ နှစ်ပေါင်းများစွာ တက်ရောက်ပြီး ဆွေးနွေးခဲ့တာတွေနဲ့ လက်ရှိကြေညာချက်ကတော့ တကယ့်ကို ဆန့်ကျင်ဘက်ပါပဲ။
ဦးနေ၀င်းဖွဲ့စည်းခဲ့တဲ့ပါတီဖြစ်ပါတယ်။ သက်တမ်း ၄၆ နှစ်ရှိပြီလို့ ပြောရင်လည်း ရပါတယ်။ ဒီပါတီက စဖွဲ့ကတည်းက စစ်ဗိုလ်ချုပ်တွေကို ရာနှုန်းပြည့် ထောက်ခံတဲ့ပါတီဖြစ်တဲ့အတွက် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အလေးထားကြိုဆိုသည် ပူးပေါင်းဆောင်ရွက်သွားမည် လို့ ကြေညာချက်ထုတ်တဲ့အခါ ဘယ်သူကမှ မအံ့သြကြပါဘူး။
ဒီအုပ်စုထဲမှာ နိုင်ငံရေးသမားဟောင်းတချို့၊ လွှတ်တော်ကိုယ်စားလှယ်တချို့ စသဖြင့် ပါဝင်ပါတယ်။ သူတို့ထဲမှာ အထင်ရှားဆုံးကတော့ ကိုအေးလွင် ဖြစ်ပါတယ်။ သူတို့အားလုံးက ၈၈ မျိုးဆက်ကျောင်းသားများအုပ်စု၊ အဖွဲ့ချုပ်၊ ဒေါ်အောင်ဆန်းစုကြည် တို့ကို ဆန့်ကျင်ပါတယ်။ ဒါနဲ့ပဲ သူတို့ဟာ မီဒီယာအကြိုက် လူထူးလူဆန်းတွေ ဖြစ်လာတာပါ။
စာနယ်ဇင်းသဘောသဘာဝအရ မတူကွဲပြားတဲ့အမြင်တွေကို ယှဉ်တွဲဖော်ပြရတာမို့ သူတို့ရဲ့အသံတွေလည်း စာနယ်ဇင်းတွေမှာ တွေ့ရပါတယ်။ တပ်မတော်အစိုးရအဖွဲ့ဝင်တွေ အရာရှိတွေက စာနယ်ဇင်းသမားတွေကို ဝေးဝေးရှောင်ကြတာမို့ စာနယ်ဇင်းတွေကလည်း အဆိုပါလူထူးလူဆန်းတွေကိုပဲ အင်တာဗျူးရပါတော့တယ်။
သူတို့တွေ ရပ်တည်နိုင်ဖို့ တပ်မတော်အစိုးရဆီက အခွင့်အရေးတွေ၊ အကာအကွယ်တွေရမယ်ဆိုတဲ့အချက်ကို သံသယဖြစ်သူ အများကြီးရှိမယ်မထင်ပါ။
လူထူးလူဆန်းအုပ်စုထဲမှာပါဝင်တဲ့ ဒေါက်တာဇာနည် ရဲ့အမြင်တွေတော့ အခုအချိန်အထိ့ ထွက်မလာသေးပါဘူး။
အမြတ်အစွန်းရရှိရေး၊ စစ်အစိုးရကို ကြံဖန်ချီးကျူးရေးရည်ရွယ်ချက်တွေနဲ့ ထုတ်နေတဲ့ဂျာနယ်ဖြစ်ပါတယ်။ အယ်ဒီတာချုပ် ရော့စ်ဒန်ကလေရဲ့ ဇန်နဝါရီ ၂၁ရက်နေ့စွဲတပ် ဆောင်းပါးတစ်ပုဒ်မှာ “လမ်းပြမြေပုံခုနစ်ချက်နဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ခြင်းသည်သာလျင် အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ ကျနော်ကတော့ ယုံကြည်တယ်။ ကျနော့်အနေနဲ့ တတပ်တအားပါဝင်ကူညီဖို့ အဆင်သင့်ပါပဲ” လို့ ပွင့်ပွင့်လင်းလင်းရေးထားတာ တွေ့ရပါတယ်။
ရပ်တည်ချက်ပြတ်သားတယ်လို့ ကြံဖန် လေးစားသင့်ပါတယ်။ ရှစ်နှစ်တိုင်တိုင် ပြတ်သားလာခဲ့သူမို့ အခုလို ပက်ပက်စက်စက်ထောက်ခံတာကို အံ့သြစရာ မရှိပါ။
ဒီမိုကရေစီသမားစစ်လျှင် ရွေးကောက်ပွဲ ဘယ်နှစ်ကြိမ် ၀င်ရသည်ဖြစ်စေ ကြောက်စရာမလို လို့ မြန်မာဘာသာနဲ့ လစဉ်ထုတ်ဝေတဲ့ သတင်းစာက ရေးသားပါတယ်။ ပြည်ပရောက် မြန်မာစာနယ်ဇင်းတွေနဲ့ မတူတဲ့အမြင်၊ ထူးဆန်းတဲ့အမြင်တွေ ကနေဒါသံတော်ဆင့်မှာ အမြဲရှိနေပါတယ်။
ဒေါက်တာနေ၀င်းမောင်၊ Living Color မဂ္ဂဇင်း
“ကျနော်သာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာရှိခဲ့ရင် နံပါတ်တစ်က ဘာလုပ်မလဲဆိုတော့ ဒီ Road Map အတိုင်း လိုက်သွားလိုက်မယ်။ ဒါဟာ တပ်မတော်အစိုးရရဲ့ အရေးကြီးတဲ့ ကိစ္စရပ်လည်း ဖြစ်တဲ့အတွက် နှစ်ဘက် ပြေလည်ဖို့အတွက် ဒါဟာ အရေးကြီးတယ်။ – – – – – – တကယ်သဘောထားကြီးတဲ့ လူက တကယ်သဘောထားကြီးကြောင်း ပြလိုက်ရင် ဖြစ်သင့်တာ အားလုံး ဖြစ်သွားမှာပါ။”
မဇ္ဈိမသသတင်းဌာနနဲ့အင်တာဗျူးမှာ ပြောခဲ့တာတွေပါ။ သူ တကယ်ယုံကြည်တာတွေကို ပြောနေတာလည်း ဖြစ်နိုင်သလို၊ သူ့စာနယ်ဇင်းလုပ်ငန်း အနှောက်အယှက်မရှိ ရပ်တည်နိုင်ရေးအတွက် ပြောတာလည်း ဖြစ်နိုင်ပါတယ်။