Uncategorized

Chan Mya – Overseas News

ဓမ္မဝါဒီ အောင်မြေမင်္ဂလာကျောင်း ဝါဆိုသင်္ကန်းကပ်လှူပွဲ
ချမ်းမြ (မိုးမခအထောက်တော်)
ဇူလိုင် ၂၉၊ ၂၀၁၃

 

၂၈-၇-၂၀၁၃ ရက် တနင်္ဂနွေနေ့၌ အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် Albany မြို့ ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် တွင် ဝါဆိုသင်္ကန်းကပ်လှူပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ ထိုဝါဆိုသင်္ကန်းကပ်လှူပွဲသို့ Albany မြို့ရှိ မြန်မာပြည်ဖွား တိုင်းရင်းသားများနှင့် အနီးနားရှိ Utica မြို့နှင့်Ithacaမြို့မှ တိုင်းရင်သားဗုဒ္ဓဘာသာများ သဒ္ဓါတရားထက်သန်စွာ စည်ကားသိုက်မြိုက်စွာ လာရောက်လှူဒါန်းကြ သည်။ 
ဧည့်ပရိသတ်များမှ သံဃာတော်အရှင် သူမြတ်များကို ဆွမ်းဆက်ကပ်လှူဒါန်းပြီးနောက် ဧည့်ပရိသတ်များကို ဧည့်ခံကျွေမွေးသည်။  

နေ့လည် (၁) နာရီတွင် ကျောင်းထိုင်ဆရာတော် ဦးဣဿရိယထံမှ ငါးပါးသီလခံယူကြပြီး ဧည့်ပရိသတ်များက သံဃာတော်များကို ဝါဆိုသင်္ကန်း ဆက်ကပ် ကြသည်။  ဓမ္မဝါဒီ အောင်မြေမင်္ဂလာ ယောဂီများမှ ဓမ္မစကြာပါဠိတော်များကိုရွတ်ပွားကြပြီး ဓမ္မဝါဒီ အောင်မြေမင်္ဂလာ ကျောင်းဂေါပက ဒုတိယ ဥက္ကဌဦးထွန်းထွန်းမှ ပရိသတ်များကိုကျေးဇူးတင်စကားပြောဆိုပြီး ဝါဆိုသင်္ကန်းကပ်လှူပွဲ အောင်မြင်စွာ ကျင်းပပြီး သွားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts