ရွှေည၀ါဆရာတော်ကြီး ဆန်ဖရန်ဘေးဧရိယာ ဖရီးမောင့်မြို့ တရားပွဲကျင်းပ
မိုးမခဓာတ်ပုံသတင်း၊ ကိုကျော်နိုင်၊ ဇူလိုင် ၂၉၊ ၂၀၁၃
ဇူလိုင် ၂၈၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ မာဃလုလင် ဓမ္မလူငယ်များစီစဉ်သော ၂၆ကြိမ်မြောက်တရားသဘင်အဖြစ် မြန်မာပြည်က ဓမ္မဒူတခရီး ကြွရောက်လာသည့် မှော်ဘီမြို့၊ ရွှေည၀ါဆရာတော် ဘုရားကြီး ဦးပညာသီဟ၏ တရားပွဲတော်ကို စင်တာဗီးလ်ရိပ်သာခန်းမမှာ ကျင်းပခဲ့ရာ မြန်မာဗုဒ္ဓဘာသာဝင် မိသားစုများ လာရောက်တရားနာယူကြသည်ကို တွေ့ရသည်။
ဆရာတော်ကြီးက လက်ရှိမြန်မာနိုင်ငံတွင်း ဘာသာရေး၊ သာသနာရေး ကိစ္စများ၊ သာသနာပြုဆောင်ရွက်နေမှုများ၊ လူများစုအတွင်း အငြင်းပွားနေမှုများကို ရှင်းလင်းဟောပြ တရားဟောသွားသည်ကို တွေ့ရသည်။