ပြုံးနေမှ တော်မည့်ခေတ်
သူ့နန္ဒ
ဒီဇင်ဘာ ၈၊ ၂၀၁၃
ခေတ်…
အသစ် အသစ်တွေက
တရစ်ရစ် တိုးတက်ကာ
မော်ဒန်ကိုသာ အမှီလိုက်
စတိုင်တွေ ထွင်မိုက်ကြသူတွေထဲ
ကိုယ့်ရွာက မိပြူးလေးလဲပါရဲ့။
အလွန်ကိုရှေးရိုးကျ
တရွာလုံးက သြချလို့ 
ချီးကြ ကျူးကြ
ရိုးသားပြီး လှတဲ့သူ
မမိပြူးတဲ့။
အခုတော့ ဒီမှာ
အနက်ရောင်ဆံကေသာဝယ်
ရွှေဝါရောင်ဆေးတွေ ချယ်ကာသလို့ 
ကြာသပတေးနံ ပလေးယူပြီး
ပက်ထရစ်ရှာ ဆိုတဲ့ အမည်တမျိုးနဲ့ 
အတော်ကိုဟုတ်ပြီလို့ 
ထင်နေရှာသကိုး။