>ဆရာတင်မိုး – အမှတ်တရ၊ နယူးယောက်ပြုလုပ်


>

ဆရာတင်မိုး – အမှတ်တရ၊ နယူးယောက်ပြုလုပ်
မိုးမခ အထောက်တော် ၀၀၂

ဇန်န၀ါရီ ၂၄၊ ၂၀၀၈

နယူးယောက်မြို့၊ အပတ်စဉ်အင်္ဂါနေ့တိုင်း ပြုလုပ်လေ့ရှိသော ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး အတွက် အကြိမ် ၂၃၀ ပြည့် ဆုတောင်းပွဲတွင်၊ ယမန်နေ့ ဇန္န၀ါရီ ၂၂ ရက်က ကွယ်လွန်ခဲ့သော ကဗျာဆရာကြီး တင်မိုး ကွယ်လွန်ခြင်း တနှစ်မြောက် အထိမ်းအမှတ် အဖြစ် အောက်ပါအတိုင်း အထူး ဆုတောင်း မေတ္တာပို့ အမျှဝေကြပါသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိတ်ဆွေရင်းတဦးလည်း ဖြစ်ပြီး NLD တတ်သိအဖွဲ့ ကို ဦးဆောင်ဖွဲ့စည်းခဲ့သူလည်းဖြစ်သော စာဆိုကြီး ဦးတင်မိုး ကွယ်လွန်ခြင်း တနှစ်မြောက်နေ့ တွင် ရောက်ရာဘ၀က သာဓုခေါ်နိုင်ရန်လည်း အမျှပေးဝေပါ၏” ဟူ၍ ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts