အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်များအပေါ်မှ အနှိပ်ခန်းပိုင်ရှင် ကိုပီတာ (မော်လမြိုင်)
မိုးမခပေးစာ
သြဂုတ်လ ၁၊ ၂၀၁၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်အတွင်းတွင် တရားမ၀င်အနှိပ်ခန်း အမည်ခံ ပြည့်တန်ဆာခန်းများ များပြားစွာဖွင့်လှစ် လုပ်ကိုင်နေကြပါသည်။
ထိုကဲ့သို့ဖွင့်လှစ်လုပ်ကိုင်နေသော အနှိပ်ခန်းများကို ရပ်ကွက်အတွင်းရိုးသားစွာလုပ်ကိုင် စားသောက်နေထိုင်ကြသော လုပ်သားပြည် သူအပေါင်းမှ သက်ဆိုင်ရာ တာဝန်ရှိမြိုင်သာယာရဲစခန်း၊ ခရိုင်ရဲတပ်ဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့ များသို့အကြိမ်ကြိမ်အခါခါ တိုင်ကြားခဲ့ပါသော်လည်း တိုင်ကြားသူများ ကိုသာစစ်ဆေးခြင်း၊ ရံဖန်ရံခါ ဖမ်းဆီးအရေးယူရာတွင်လဲ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင် တို့ပူးပေါင်းကာ ပြည့်တန်ဆာခန်းပိုင်ရှင်များထံမှ လာဘ်ငွေများစွာရယူပီး အုပ်ချုပ်ရေးမဏ္ဍိုင်မှ ထိရောက်မှုအနဲဆုံးပုဒ်မတပ်စွဲချက်တင်ကာ၊ တရားစီရင် ရေးမဏ္ဍိုင်မှလဲ အုပ်ချုပ်ရေးမဏ္ဍိုင်မှ တင်ပြသော ထိရောက်မှုအနဲဆုံးပုဒ်မတပ်စွဲချက်တင်မှုကို လက်သင့်ခံကာ ထိုပုဒ်မ၏ အနိမ့်ဆုံးပြစ် ဒဏ်ကိုသာ အပြစ်ဒဏ်ချမှတ်နေကြောင်း တွေ့ရှိရပါသည်။
နမူနာတခုကိုတင်ပြရမည်ဆိုလျှင် ပူးတွဲပါ စာဖိုင်အတိုင်း မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ တိုးချဲ့(၃)လမ်း၊ အမှတ်(၄၇) ရှိ ပီတာဆိုသူမှ ဖွင့်လှစ်လုပ်ကိုင်နေသော အနှိပ်ခန်းအမည်ခံ ပြည့်တန်ဆာခန်းအား ဇွန်လနှစ်ရက်နေ့တွင် သက်ဆိုင်ရာရဲတပ်ဖွဲ့များမှ ၀င်ရောက်ဖမ်းဆီးခဲ့ပြီး ပြစ်မှုပုဒ်မ(၁၈၈) ဖြင့်စွဲချက်တင်ခဲ့ပါသည်။
ပြစ်မှုပုဒ်မ(၁၈၈) သည် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် အရေးပေါ် အခြေအနေများ မဖြစ်ပေါ်ရန် ကြိုတင်တားဆီးသည့်အနေဖြင့်ထုတ်ပြန်လေ့၊ သုံးစွဲလေ့ရှိသော ရပ်ရွာအေးချမ်းသာယာရေးဆိုင်ရာ ပုဒ်မတစ်ခုဖြစ်ပြီး ပြည်သူ့ဝန်ထမ်း၏ အမိန့်ကို မနာခံမှုအပေါ် အရေးယူ ဆောင်ရွက်နိုင်သော ပုဒ်မတစ်ခုသာ ဖြစ်ပါသည်။
အဆိုပါအနှိပ်ခန်းသည် အနှိပ်ခန်းအမည်ခံကာ ပြည့်တန်ဆာခန်းအဖြစ်လုပ်ကိုင်နေကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများမှ သိရှိပါလျှက်နှင့် အနှိပ်ခန်းပိုင်ရှင်ထံမှ လာဘ်ငွေများရယူကာ အုပ်ချုပ်ရေးမဏ္ဍိုင်မှ ထိရောက်မှုအနဲဆုံး အနိမ့်ဆုံးသော ပြစ်မှုပုဒ်မတပ်ကာ စွဲချက်တင်ခဲ့ပါ သည်။
ထိုကဲ့သို့ အုပ်ချုပ်ရေးမဏ္ဍိုင်မှ ထိရောက်မှုအနဲဆုံး အနိမ့်ဆုံးသော ပြစ်မှုပုဒ်မတပ်ကာ စွဲချက်တင်ခဲ့သည်ကို တရားစီရင်ရေးမဏ္ဍိုင်မှလဲ အုပ်ချုပ်ရေးမဏ္ဍိုင်နည်းတူ လာဘ်ငွေများရယူကာ စွဲချက်တင်မှုကိုလက်ခံခဲ့ပီး ထိုပုဒ်မ၏ အနိမ့်ဆုံးပြစ်ဒဏ်ဖြစ်သော ပိုင်ရှင်ထောင် ဒဏ် နှစ်ပါတ်နှင့် ကျန်ရှိသောဝန်ထမ်းများအားထောင်ဒဏ်တစ်ပါတ်သာ ချမှတ်အရေးယူခဲ့ပါသည်။
ထိုကဲ့သို့ သက်ဆိုင်ရာမှ လာဘ်ငွေများရယူကာ နောင်ကျဉ်စေမည့်ပြစ်ဒဏ်မျိုး ချမှတ်အရေးယူ ခြင်းမရှိသောကြောင့် အဆိုပါ အနှိပ်ခန်းအမည်ခံပြည့်တန်ဆာခန်းမှာ ပြစ်ဒဏ်ကျခံရသော ထောင်ဒဏ် နှစ်ပါတ်ပြည့်ကာ ပြန်လည်လွတ်မြောက်လာသည့်နေ့မှစတင်ကာ ဖွင့်လှစ် လုပ်ကိုင်လျှက် ရှိပါသည်။
ထိုကဲ့သို့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တွင် အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့၏ အကျင့်ပျက်ခြစားကာ ဆောင်ရွက်နေ မှုများကြောင့် မြိုင်သာယာရပ်ကွက် အတွင်းတွင် အနှိပ်ခန်း အမည်ခံပြည့်တန်ဆာခန်းများ တနေ့တခြားတိုးတက်များပြားလျှက်ရှိနေသောကြောင့် သက်ဆိုင်ရာမှ လိုအပ်သလိုအရေးယူဆောင်ရွက်ပေးနိုင်ပါရန် တင်ပြအပ်ပါသည်။