>
ရန်ကုန်မြို့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်
လူထု လှုပ်ရှားမှု ပြုလုပ်ခဲ့
မိုးမခ (ရန်ကုန်)
ဇန်န၀ါရီ ၄၊ ၂၀၀၈
ယနေ့ နေ့ခင်း ရန်ကုန်မြို့ စံတော်ချိန် နေ့ခင်း ၁၂ နာရီတွင် ရွှေဂုံတိုင်လမ်း၌ အကျဉ်းသား ထောင်ပုံစံ ၀တ်စုံများဖြင့် လူအများ တန်းစီးပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေး ဆိုသည့် စာတမ်းကို ဆွဲလျှက် စီတန်းလမ်းလျှောက် ခဲ့ကြသည်ဟု ဆိုပါသည်။ ရွှေဂုံတိုင် ကြားတောရမှ ရွှေတိဂုံ ဘုရားအနီးအထိ လမ်းလျှောက်ခဲ့သည်ဟု သိရပါသည်။ ဓာတ်ပုံများကို ကောင်းကင်ပြာမှ တဆင့် ရပါသည်။

