အဖွဲ့အစည်းဆိုင်ရာ မှတ်ပုံတင်ဥပဒေမူကြမ်းအတွက် ဂုဏ်ပြုသံဆန်း
သီဟသူရ်၊ သြဂုတ် ၆၊ ၂၀၁၃
သီဟသူရ်၊ သြဂုတ် ၆၊ ၂၀၁၃
မသာချချင်၊ မှတ်ပုံတင်ပါ၊ မတင်ထောင်ဒဏ်ခံရမည်ပ။(သျှိုး)
သုံးနှစ်ထောင်ဒဏ်၊ ခံချင်ခံ၊ မခံနိုင်သေး၊ ငါးသိန်းပေး။ (ကူညီရေး၊ ကူညီရေး)
ရေပြောရင် ရေလှူရာ၊ မီးမကူပါနှင့်၊ ကူလျှင်ထောင်ဒဏ်ခံရမည်အဟုတ်။(သျှိုး)
သုံးနှစ်ထောင်ဒဏ်၊ ခံချင်ခံ၊ မခံနိုင်သေး၊ ငါးသိန်းပေး။ (ကူညီရေး၊ ကူညီရေး)
မယ်နာမှု မောင်သာမှုတို့ရေ၊ ထောင်သာဓုချွေမည်၊ ရောင်ဝါအခုလင်းစေတော့။(သျှိုး)
သုံးနှစ်ထောင်ဒဏ်၊ ခံချင်ခံ၊ မခံနိုင်သေး၊ ငါးသိန်းပေး။ (ကူညီရေး၊ ကူညီရေး)
ကူမှုညီမှု၊ စာနာမှုမှာ၊ ပြည်သူ့နီတိသုဉ်းတော့မည်လတည်း။(သျှိုး)

ကူညီချင်လျှင်၊ မှတ်ပုံတင်၊ မတင်ပါက ထောင်ချမည်။

ဆေးရုံပို့ချင်၊ မှတ်ပုံတင်၊ မတင်ပါက ထောင်ချမည်။

ဆေးဟုပြောရာ၊ ဆေးလှူပါ၊ သွေးပါလှူက ထောင်ချမည်။

ဆေးဖိုးကူချင်၊ မှတ်ပုံတင်၊ မတင်ကူက ထောင်ချမည်။

မီးကြီးလောင်ရာ၊ ပြေးကူပါ၊ ကူလာသမျှ၊ ထောင်ကြီးချ။

မုန်တိုင်းတိုက်ရာ၊ ပြေးကူပါ၊ ကူလာသမျှ၊ ထောင်ကြီးချ။

ရေတွေကြီးရာ၊ ပြေးကူပါ၊ ကူလာသမျှ၊ ထောင်ကြီးချ။

တိုင်းရေးပြည်ရေး၊ ဒို့အရေး၊ ပြေးကူသမျှ၊ ထောင်ကြီးချ။

တိုင်းပြည်ကိစ္စ၊ ဒို့ကိစ္စ၊ စိတ်ချထောင်ကိုသွားရမည်။

ပြည်သူ့အရေး၊ ဒို့အရေး၊ မနှေးထောင်ကိုသွားရမည်။

ကူညီကာဝိုင်းလို့ မှိုင်းမတော်မူသူများ
ပြည်သူ့နီတိရှိသူများ
Good Citizenship များခင်ဗျား….
ကူပါ၊ ညီပါ၊ မှိုင်းပါ၊ မပါ၊
နီတိဆောင်ပါ၊
ဂွဒ်ထပါ၊
ကူရင်၊ ညီရင်၊ မှိုင်းရင်၊ မရင်၊
နီတိဆောင်ရင်
ဂွဒ်ထရင် —-
သင်တို့အတွက် ထောင်တံခါးတွေ ဖွင့်ထားပါတယ်၊(ကြမ်းခင်းဈေး ၃ နှစ်)
အလှူခံဖလားတွေ ချထားပါတယ်ခင်ဗျား။ (သဒ္ဓါသလောက် ၅ သိန်း)
သူတပါးကောင်းကျိုးဆောင်ရွက်နိုင်သော နိုင်ငံသားကောင်းများဖြစ်ကြပါစေသတည်း။