မ သ ကၤ ာ စ ရ ာ ေ ဆ ာ င်း
မင်းညွှန့်လှိုင်
ဒီဇင်ဘာ ၂၀၊ ၂၀၁၃
ကင်းသမားရဲ့သံချောင်းခေါက်သံတွေ
နည်းရာကများလာ
များရာကပြန်နည်းသွားပြီ ။
မင်းသုပ်ကျွေးတဲ့လက်ဖက်သုပ်လည်း မစားရ
မင်းဖျော်တိုက်တဲ့ကော်ဖီမစ်လည်း မသောက်ရ
ငါ့မှာ
မျက်လုံးတွေဘာ့ကြောင့်ကြောင်ေ နရတာလဲ ။
မင့်လက်နဲ့
ရေသန့်ဗူးခွံထဲထည့်ပေးခဲ့
အုန်းဆီတွေလည်း
ဟောက်ပက်ကြီးဖြူခဲနေလေရဲ့ ။
လိုအပ်တာထက်ပိုအေးစက်ပြပုံဟာ
သိပ်မရိုးသားဘူး ။ ။