Min Lu – Love is welcome

အချစ်လားဟေ့… ဝင်ခဲ့လေကွယ်
မင်းလူ၊ (မိုးမခမှ ပြန်လည်ဆန်းသစ်ခြင်း) သြဂုတ် ၁၅၊ ၂၀၁၃

မင်းလူ (၁၉၅၄-၂၀၁၃)

(ဓာတ်ပုံ – Yu Ya)

သော့ခတ်ထားတဲ့ သံမဏိ တံခါးကို

လာခေါက်တယ်။

သွယ်လျတဲ့ လက်ချောင်း ကလေးတွေရှိတဲ့

ပန်းနုရောင် လက်သည်း ကလေးတွေရှိတဲ့

ရွှေဝါရောင် မွေးညင်း ကလေးတွေရှိတ

လက်ကလေးမှန်း

ဒီကလည်း သိလိုက်ပါရဲ့။

သွေးတွေကို ခဲသွားစေတဲ့

ဦးနှောက်တွေကို ဆူဝေလာစေတဲ့

ခြေဖျားလက်ဖျားတွေကို အအေးမိစေတဲ့

နှလုံးသားကို ချွေးစို့လာစေတဲ့ သူဟာ

‘မင်း’ ရယ် ‘အမုန်း’ ရယ်

နှစ်ယောက်ပဲရှိတယ်။

ခု…

‘အမုန်း’ ဟာ ခရီးလွန်နေတယ် ဆိုတော့

တံခါးကို လာခေါက်တဲ့သူဟာ

မင်းပဲဖြစ်ရမယ်ဆိုတာ ဒီကလည်း သိလိုက်ပါရဲ့။

‘အချစ်လားဟေ့… ဝင်ခဲ့လေကွယ်’။      

မင်းလူ

(၁၉၇၈)

 

ဓာတ်ပုံ မျှဝေသူ – Lemdy Myanmar

ကဗျာသီချင်း

စာသား – မင်းလူ (ကဗျာ) ၊ သံစဉ် – နေငြိမ်း

တေးဆို – နေငြိမ်း

(၁၉၉၅)

Music Video URL: http://youtu.be/ebrPbYh_buM