ဆောင်းယွန်းလ – အတိတ်မေ့သူ

 

 ဆောင်းယွန်းလ – အတိတ်မေ့သူ
(မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၁၆

သူ့ကို သနားနေတဲ့ သူတွေကို
သူက ပြန်သနားနေတာကို
သူပဲသိတယ်….

သူ့မှာ
စာဖွဲ့ဇာချဲ့ပြစရာ
အတိတ်ဆိုတာ မရှိတော့
တရေးနိုးချိန်တိုင်းဟာ
သူ့အတွက် နေ့သစ်တွေချည်းပဲ…

သူက
တရက်မှာ
နှစ်ည မီးမှိတ်ပြီး
တသက်မှာ
နှစ်ဘ၀ မျက်နှာသစ်တယ်…

ဆောင်းယွန်းလ (ဇန်န၀ါရီ ၂၁၊ ၂၀၁၆)