နိုင်ဦးညို (ဖိုးဇီးရိုး) ငါတို့ကျောင်း ငါတို့ဒေါင်း

 နိုင်ဦးညို (ဖိုးဇီးရိုး) ငါတို့ကျောင်း ငါတို့ဒေါင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၁၅

ရနံ့တွေ လေထဲမှာ လွင့်
ပန်းတွေ လေထဲမှာ လွင့်
အနမ်းတွေ လေထဲမှာ လွင့်
ဟိုတချိန်က ငါတို့ကျောင်း ..။

ပန်းမပေးတဲ့ဒေါင်းတွေ
အနမ်းဝေတဲ့ဒေါင်းတွေ
ရနံ့ထုံသင်းတဲ့ဒေါင်းတွေ …။

ရနံ့တွေသစ် ပန်းတွေသစ်တော့
အနမ်းတွေက လေထဲမှာ ဝဲပျံသစ်လို့ …။

ဒေါင်းအိုတွေ ခွပ်ခတောင်းလည်း
ဒေါင်းပျိုတွေ ခွပ်ဖို့လာလိမ့်မှာပေါ့
ဒီကနေ့ ငါတို့ရဲ့ကျောင်း …။

(ဖိုးဇီးရိုး) ၂၂၀၂၂၀၁၄

ဓာတ်ပုံ – ဧရာဝတီ မှ ဖြစ်ပါသည်။

One thought on “နိုင်ဦးညို (ဖိုးဇီးရိုး) ငါတို့ကျောင်း ငါတို့ဒေါင်း

Comments are closed.