ဂေါ်ရှယ်
ဇူလိုင် ၄၊ ၂၀၁၂
ဇူလိုင် ၄၊ ၂၀၁၂
စိတ်ပင်ပန်းမှု ခံစားရချိန်
စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ကြုံတွေ့ရချိန်
ပြင်းထန်တဲ့ စိတ်ဝေဒနာတခုပြုစားခံရချိန်
သီချင်းတစ်ပုဒ်ကို အားပါးတရသီဆိုလိုက်တဲ့ခါ …
စိတ်ခံစားမှုတွေသက်သာ လျှော့ပါးပျောက်ကွယ်သွားစေခဲ့တယ် ….။
သီချင်းတစ်ပုဒ်ကစိတ်ကို ကုစားပေးတယ်
စိတ်ခွန်အားဖြစ်စေတယ်
စည်းစနစ်ကျစေတယ်
စိတ်ကို တက်ကြွစေတယ်
လူ့ဘဝတခုကို တဆစ်ချိုးစေခဲ့တယ်
အခြေအနေတစ်ခုကို ပြောင်းလဲစေနိုင်တယ် ….။
အိမ်ကိုလွမ်းရင်း သီချင်းဆိုတယ်
ပျော်ရွှင်နေလည်း သီချင်းဆိုတယ်
အသဲကွဲတော့ သီချင်းဆိုတယ်
သီချင်းဆိုရင်းနဲ့လည်း တိုက်ပွဲဝင်တယ်
သီချင်းတစ်ပုဒ်ကြောင့်ဘဲ ကမ္ဘာမြေကြီးကျန်းမာနေဆဲ ….။