Ba Kyaw – မကွေးမြို့မှာ ပါတီနိုင်ငံရေးကင်းမှ ဘော်ဒါဆောင်ဖွင့်ရမည် ဆို

ဘကျော် (မကွေး)၊ မေ ၁၆၊ ၂၀၁၂
မကွေးမြိ့၊
နတ်မောင်လမ်း၊ ကန်ပြား အရှေ့စုရပ်မှာ ဦးဇော်ဝင်းမိသားစု ထူုထောင်ထားတဲ့ ဘော်ဒါဆောင် (ကျောင်းအိပ်၊ ကျောင်းစား၊ ကျုရှင်လုပ်ငန်း)ကို လုပ်ငန်းလိုင်စင် လုပ်ပိုင်ခွင့် ချမပေးဘူးလို့ သိရပါတယ်။ ဦးဇော်ဝင်းက အင်န်အယ်ဒီပါတီဝင်တဦး ဖြစ်နေတဲ့အတွက် ပါတီနိုင်ငံရေးကင်းရှင်းမှု မရှိလို့ ဘော်ဒါဆောင်လုပ်ငန်းလုပ်ခွင့် မရှိဟု အာဏာပိုင်တို့က ဆိုပါတယ်။
“အယင်နှစ်တွေက သမီးနံမယ်နဲ့ ဘော်ဒါဆောင်လုပ်ငန်းကို မှတ်ပုံတင်ပြီး လုပ်ခဲ့တယ်။ နောက်တော့ သမီးက ပြည်ပခရီးထွက်သွားတော့  ဇနီးအမည်နဲ့ ဘော်ဒါဆောင်လိုင်စင်ကို ဆက်လုပ်တယ်။ အခုနှစ်ကျမှ အမျိုးသားနံမယ်နဲ့ လုပ်ငန်းလိုင်စင်တင်တယ်။ အုပ်ချုပ်ရေးက သိတာက ကိုဇော်ဝင်းက အင်န်အယ်ဒီ။ ဒီတော့ သူ့ကို လိုင်စင်ချမပေးဘူး။ ပြည်ခိုင်ဖြိုးပါတီဝင်တွေရဲ့ ဘော်ဒါဆောင်လုပ်ငန်းတွေကတော့ ဒါတွေ မလိုဘူး။ အကုန်လုပ်လို့ရတယ်။” လို့ မျက်မြင်တယောက်က ပြောပြပါတယ်။
မေလ ၁၄ ရက်နေ့မှာ အင်န်အယ်ဒီလွှတ်တော်အမတ် ဦးမြင့်သိန်းနဲ့အဖွဲ့က အုပ်ချုပ်ရေးကို သွားတင်ပြတော့ အမြန်ဆုံးအထက်ကို ပြောပေးပါ့မယ်လို့ ပြန်ကြားပါတယ်။ ကျောင်းတွေ ဖွင့်ခါနီးပြီဖြစ်လို့ ကလေးတွေနဲ့ မိဘတွေက ဘော်ဒါဆောင်အပ်နှံရန် အချိန်မီပါ့မလားလို့ စိုးရိမ်နေကြပါတယ်။
လက်ရှိမှာ မကွေးမြို့ဝန်းကျင်မှာ ဘော်ဒါဆောင်ပေါင်း ၈၀၀ ခန့် ရှိတယ်လို့ ဆိုပါတယ်။ လုပ်ငန်းလိုင်စင်မတိုးဘဲ ဖွင့်လှစ်ထားတာက ၂၀၀၊ လိုင်စင် မတင်ဘဲနေတာက ၂၀၀၊ တရားဝင် လုပ်ငန်းလိုင်စင်တင်ထားတာက အဆောင် ၄၀၀ လောက် ရှိတယ်လို့ သိရပါတယ်။ ဒါကတော့ ဘော်ဒါဆောင်လုပ်ငန်း နဲ့ နီးစပ်သူတဦးက ပြောတာပါ။

2 thoughts on “Ba Kyaw – မကွေးမြို့မှာ ပါတီနိုင်ငံရေးကင်းမှ ဘော်ဒါဆောင်ဖွင့်ရမည် ဆို

  1. အော်ဦးသိန်းစိန်ခေတ်မှာဒါတွေကျန်နေသေးတုံးလား။ သူတို့ခေတ်ကုန်နေပြီဆိုတာသိအောင်ပြည်သူအများ
    ဝိုင်းဝန်းပညာပေးကြပါ။

  2. The president says they will do organizational reform as soon as possible. Good news! 99% of the administration is corrupt. So pls change the entire body. 🙂

Comments are closed.