Ashin Gambira – အရှင်ဂန္ဘီရကို အာဏာပိုင်များက ကျောင်းသို့ ပြန်ပို့

အရှင်ဂန္ဘီရကို အာဏာပိုင်များက ကျောင်းသို့ ပြန်ပို့
ဒီမိုဝေယံသတင်းကောက်နုတ်ချက်၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၁၂
လယ်တီဝိပဿနာကျောင်းမှာ ခေတ္တသီတင်းသုံး နေထိုင်နေတဲ့ ရွှေဝါရောင်ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား ယနေ့မနက်ပိုင်းက အာဏာပိုင်များမှ ခေါ်ဆောင် သွားခဲ့ပြီး ယနေ့ည ၈နာရီခွဲအချိန်က ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်း၊  ယခုအခါ မဂ္ဂင်ကျောင်းတိုက်နဲ့ ပြန်လည် သီတင်းသုံးနေပြီ ဖြစ်ကြောင်း သိရှိရသည်။
အရှင်ဂန္ဘီရ ပြန်လည်လွတ်မြောက်လာခြင်း မရှိမီ၊ ထိုနေ့နေ့လည်ပိုင်းက ချိတ်ပိတ်ခြင်းခံထားရတဲ့ ကျောင်းတိုက်လေးခုအနက်မှ မဂ္ဂင်ကျောင်းတိုက်၊ ရွှေတောင်ကျောင်းတိုက်တို့အား သာသနာရေးဦးစီးဋ္ဌာနနဲ့ အာဏာပိုင်များက  ပြန်လည်ဖွင့်လှစ် ပေးလိုက်သည်။ သာသနာ့သိပ္ပံကျောင်းတိုက်နဲ့ ရတနာဂုဏ်ရည် ကျောင်းတိုက်တို့အား ချိတ်ပိတ်ထားဆဲဖြစ်သည်။

One thought on “Ashin Gambira – အရှင်ဂန္ဘီရကို အာဏာပိုင်များက ကျောင်းသို့ ပြန်ပို့

  1. စပါးရွှေရောင်၊ သာသနာ့ရွှေရောင်ဝင်းလို့ ပြောင်တဲ့၊ကိုယ့် နိုင်ငံမှာတခြားနေရာကရောက်လာတဲ့ ဟိုဟာလေးပေး၊ဒီဟာလေးနဲနဲပေး၊ အယူအဆတွေဘာညာတွေကိုလက်ခံရမလား၊သဘောအားဖြင့် သူ့ အလိုအရကိုယ့်အိမ်လာလည်တဲ့သူရဲ့ စကားကိုအတည်ယူပြီးနားထောင်ရမလား။အရှင်ဇဝနဟောပြောရေးခဲ့သလိုရေကန်ထဲက ဖါး နဲ့ ပျား ဥပမာလိုမဖြစ်စေချင်ကြရင်တော့ ကိုယ့်အမျိုးဘာသာ သာသနာ ကိုယ်သာ စောင့်ရှောက်ရာ ဆိုတဲ့ ဆောင်ပုဒ် ရေ ရှည် တည်တန့် ခိုင်မြဲပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါကြောင်း၊အာဏာရှင်ဖြစ်ချင်သူအပေါင်းတို့ ရေ။

Comments are closed.