>
အောက်တိုဘာ ၁၂က လက်ရှိအစိုးရက ယခင်စစ်အာဏာပိုင်များ ဖမ်းချူပ်ထားသည့် အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား ရာဂဏန်းမျှပါဝင်သည်ကို တွေ့ရသည်။ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ရှိသည်ဟု ပြောဆိုခြင်းခံထားရသည့် မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား (သံဃာတော်များ အပါအ၀င်) ဦးရေ ၂၀၀ ၀န်းကျင် လွှတ်ပေးခဲ့သည်။
ယနေ့အချိန်အထိ အစိုးရက စာရင်းထုတ်ပြန်ခြင်းမရှိသော်လည်း အင်န်အယ်ဒီပါတီနှင့် ကွန်ယက်များက နိုင်ကျဉ်း လွတ်မြောက်မှုဦးရေကို ပြုစုပြီး ထုတ်ပြန်လျက်ရှိရာ အင်န်အယ်ဒီက ၁၉၈ ဦး၊ နိုင်ငံရေးအကျဉ်းသားဆိုင်ရာ ကွန်ယက်တခုက ၂၀၆ ဦး ရှိကြောင်း ထုတ်ပြန်သည်။ ၂၀၆ ဦး စာရင်းကို ပြည်တွင်းရှိ သည်ဗွိုက်စ်ဝိကလီးက ကိုးကား ဖြန့်ချိခဲ့သည်ကို တွေ့ရသည်။
အဆိုပါစာရင်းအရ အင်န်အယ်ဒီလူမှုထောက်ကူအဖွဲ့ နိုင်ငံရေးအကျဉ်းသားကွန်ယက်မှတဆင့် မိုးမခမိတ်ဆွေများက မိတ်ဆွေဖွဲ့ အားပေးမှုပြုနေသော နိုင်ငံရေးအကျဉ်းသား ၅၄ ဦးအနက် ၁၁ ဦး လွတ်မြောက်လာကြောင်း တွေ့ရှိရသည်။ အဆိုပါအမည်စာရင်းနှင့် စေတနာရှင်မိတ်ဆွေများကို ၀မ်းမြောက် ဂုဏ်ယူနိုင်ကြစေရန် မိုးမခက ထပ်ဆင့်အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။
အင်န်အယ်ဒီစာရင်းကို Released PP-12 Oct- NLD သည်မှာ ရယူပါ။ The Voice Weekly 206 PP Released – Toe Kyaw Hlaing စာရင်းကို သည်မှာ ရယူပါ။