>NLD Member found dead with head wound near Rangoon

>

သုံးခွအင်န်အယ်ဒီလူငယ်ခေါင်းဆောင် ခေါင်းကွဲဒဏ်ရာဖြင့် နေအိမ်အနီးသေဆုံး
မိုးမခ၊ အောက်တိုဘာ ၄၂၀၁၁
ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊(၉)ရပ်ကွက်၊ ဗိုလ်သန်းထူးလမ်းတွင်နေထိုင်သူ အဘဦးချစ်ဦး+အမိဒေါ်သန်းဦးတို့၏သား၊  သုံးခွမြို့နယ် NLD လူငယ်တာဝန်ခံ(၂) ကိုနိုင်ဝင်းသည်ယနေ့ မနက် ၃ နာရီခန့်တွင် နောက်စေ့ခေါင်းကွဲ ဒဏ်ရာဖြင့် ၄င်း၏နေအိမ်အနီး သေဆုံးနေသည်ဟုဆိုသည်။
ကိုမောင်မောင် (သေဆုံးသူယောက်ဖ) က  သုံးခွမြို့နယ် လူငယ်တာဝန်ခံ(၁) ကိုဝင်းဇော်(ခ)ကိုတွတ်ပီအား “ကိုနိုင်ဝင်းသေပြီ” ဟု လာရောက် အကြောင်းကြားခဲ့သည်ဟုဆိုသည်။ မနက် ၅ နာရီ ခွဲအချိန်တွင် အဆိုပါလူငယ်တာဝန်ခံက လိုက်ကြည်သည့်အခါ ကိုနိုင်ဝင်းသည်မှောက်လျက်အနေအထားဖြင့်သေဆုံးနေသည်ကို တွေ့ရပါသည်။ မျက်နှာမှာရွံ့ဗွက်ထဲတွင် မှောက်လျက်ဖြစ်နေပြီး
နောက်စေ့တွင် တုတ်နှင့်ရိုက်ထားသည့်ဒဏ်ရာကို တွေ့ရှိရသည်။ မျက်နှာမှာ ဖူးယောင်ကိုင်းလျက်နှာခေါင်းရိုးကျိုးမှ သွေးထွက်နေသည်ဟု ဆိုသည်။
ယမန်နေ့က ကိုဝင်းဇော်နှင့်အတူသေဆုံးသူ ကိုနိုင်ဝင်းတို့ ယမန်နေ့ အင်န်အယ်ဒီရုံးချူပ်တွင် ရန်ကုန်တိုင်းမြို့နယ်စုံ အစည်းအဝေးကို အတူတက်ရောက်ခဲ့သေးကြောင်း၊ ညဘက်မှ လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်းကိုဝင်းဇော်က ပြောကြားသည်။
ကိုနိုင်ဝင်း သေဆုံးအောင် တုတ်ဖြင့်ရိုက်ခဲ့သူမှာ ၉ ရပ်ကွက်တွင်နေထိုင်သည့် အမှတ် ၈ မှော်ဘီရဲတပ်ရင်းက ရဲတပ်သားဇင်မင်းထွန်း (ခ) ပြသဒါး ဖြစ်သည်ဟု နောက်ပိုင်းတွင် သိရှိရသည်။ အဆိုပါ ရဲတပ်သားကသုံးခွရဲစခန်းသို့ ကိုယ်တိုင်လာရောက် အဖမ်းခံပြီး ခံဝန်ချက် ပေးနေကြောင်းသတင်းရရှိသည်။ 
သတင်းကို အင်န်အယ်ဒီမိတ်ဆွေ အီးမေးကတဆင့်ရရြှိခင်းဖြစ်ပြီး ဓာတ်ပုံများ ပူးတွဲထည့်သွင်းထားသည်။