>
ၾသစေၾတးလ်၊ ဆစ္ဒနီမွာ “စု ၆၆ နှစ်မွေးနေ့” အခမ်းအနားကျင်းပမည်
မြန်မာလူမျိုးစု မြန်မာ့အသံက အများစုပေါင်းပြီး ကောင်းမှုပြုကြမည်ဟု ထုတ်ပြန်
မိုးမခ၊ ဇွန် ၁၀၊ ၂၀၁၁
ယခုနှစ် ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် “လူထုခေါင်းဆောင်” ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့ကို ပြည်တွင်း ပြည်ပရှိ မြန်မာမိသားစုများ၊ မြန်မာပြည်ချစ်သူများက စုဝေးပြီး အခမ်းအနားများ ကျင်းပခြင်း၊ အင်န်အယ်ဒီပါတီ၏ လူထုအကျိုးပြုလုပ်ငန်းများအတွက် ရည်ရွယ်ပြီး လှူဒါန်းကောင်းမှုပြုခြင်းတို့ ဆောင်ရွက်ကြမည် ဖြစ်ရာ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီရောက် မြန်မာကွန်မြူနီတီနှင့် မြန်မာ့အရေးလှုပ်ရှားသူများကလည်း အခမ်းအနားများ စီစဉ်နေကြောင်း ထုတ်ပြန်ပြောဆိုလိုက်သည်။
Burma Campaign Australia အဖွဲ့က အဖွဲ့လုပ်ငန်းရန်ပုံငွေ ညစာစားပွဲတည်ခင်းပြီး ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့် မွေးနေ့ အခမ်းအနားကို ကျင်းပကြမည် ဖြစ်ပြီး၊ လာမည့် ဇွန် ၂၁၊ အင်္ဂါနေ့တွင် ညနေ ၆ နာရီခွဲမှ ည ၉ နာရီခွဲ အထိ Bagan Restaurant တွင် ဧည့်ခံမည်ဖြစ်ကြောင်း ကြေညာထားသည်။အခမ်းအနားသို့ တက်ရောက်ရန်အတွက် အွန်လိုင်းမှ လက်မှတ်များ ကြိုတင်ဝယ်ယူနိုင်ကြောင်း အင်တာနက်လိပ်စာကို ယခုလို အသိပေးထားသည်။ http://www.trybooking.com/Booking/BookingEventSummary.aspx?eid=10486 (လက်မှတ်တစောင်ကို သြစတြေးလျ ဒေါ်လာ ၄၀ ဖြင့် ကြိုတင် ၀ယ်ယူနိုင်ဟု ရေးသားထားသည်)
အလားတူ မြန်မာကွန်မြူနီတီရေဒီယို စေတနာဝန်ထမ်းဝိုင်းတော်သားများဖြစ်သည့် မြန်မာလူမျိုးစြု မန်မာအသံကလည်း အများပြည်သူလူထု၏ ကောင်းမှုအလှူများ စုပေါင်းကြပြီးနောက် မွေးနေ့ ဂုဏ်ပြု အလှူပြုကြမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်ဒီပါတီ၏ လူထုအကျိုးပြုလုပ်ငန်းများဖြစ်သော HIV/ AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ ကူညီအားပေးခြင်းနှင့် စေတနာဝန်ထမ်းလုပ်ငန်းအ၀၀ကို ရည်စူးသော အများပြည်သူကောင်းမှုအလှူကို ၀ိုင်းဝန်း ဆောင်ရွက်ကြမည်ဟု ဖိတ်ခေါ်ထားသည်။
၎င်းတို့၏ ဖိတ်စာကို ပူးတွဲ ဖော်ပြလိုက်ပါသည်။
