>Burmese Community in Portlan, OR will host charity for HIV/AIDS patients in Burma

>

အော်ရီဂွန်ပြည်၊ ပေါ့တ်လန်မြို့က မြန်မာမိသားစုများ မြန်မာပြည်က HIV/AIDS လူနာများကို အားပေးမည်
မိုးမခရွာဆော်ကြီး
ဇန်န၀ါရီ ၈၊ ၂၀၁၁
မြန်မာပြည်တွင်းရှိ HIV/AIDS ဝေဒနာရှင်များကို အားပေးကူညီရန် မြန်မာစားသောက်ဖွယ်ရာများ တည်ခင်းရောင်းချခြင်းဖြင့် ရန်ပုံငွေရှာဖွေပြီး လှူဒါန်းမည့် ကုသိုလ်ပြု ဈေးပွဲတော်တရပ်ကို အော်ရီဂွန်ပြည်နယ်၊ ပေါ့တ်လန်မြို့က မြန်မာမိသားစုများ စုဝေးပြီး ကျင်းပကြမည် ဖြစ်သည်။
          ဇန်န၀ါရီလ ၂၂ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီက ၄ နာရီ အထိ 10301 NE Glisn Rd., Portland. Oregon 97220 ရှိ အားကစားခန်းမဆောင် (Gym Room, IRCO) တွင် ကျင်းပမည်ဖြစ်ပါ၍ ရပ်နီးရပ်ဝေးရှိ အမိမြန်မာပြည်ချစ်သူ မြန်မာမိသားစုများအားလုံးကို လှိုက်လှဲ နွေးထွေးစွာ ဖိတ်ခေါ်ထားသည်ကို တွေ့ရသည်။
          ထိုကုသိုလ်ပြု ဈေးပွဲတော်ကို အော်ရီဂွန်ပြည်ရောက် မြန်မာကွန်မြူနီတီနှင့်အတူ ထိုဒေသတွင် ဖွဲ့စည်းထားသော ပြည်သူ့ဂုဏ်ရည်အဖွဲ့ (ပေါ့လန်၊ ဆီယက်တဲမြို့နယ်များ) အဖွဲ့ကလည်း ၀ိုင်းဝန်း လုပ်အားပေး ဆောင်ရွက်ပေးကြမည် ဖြစ်သည်ဟု သိရှိရသည်။