>
ဒီလိုမျိုး … ရှင်သန်ခဲ့ကြ
ရဲရင့်သက်ဇွဲ
အောက်တိုဘာ ၁၄၊ ၂၀၁၀
အမေရေ
ဝေးလွင့်ခြင်း ရဲ့
ခြေရာတွေထဲမှာ
တိကျတဲ့ အနာဂတ်အတွက်
အိပ်မက်တွေပါတယ် ။
ဝေးလွင့်ခြင်း ရဲ့
ခြေရာတွေထဲမှာ
တိကျတဲ့ အနာဂတ်အတွက်
အိပ်မက်တွေပါတယ် ။
အမေရေ
သွေးနဲ့ စိုက်ခဲ့တဲ့
နှင်းဆီခင်း
ရဲရင့်ခြင်းရဲ့ သင်္ကေတ
ဆူးခက်တွေနဲ့ 
လှပ မွှေးမြနေခဲ့ ။
သွေးနဲ့ စိုက်ခဲ့တဲ့
နှင်းဆီခင်း
ရဲရင့်ခြင်းရဲ့ သင်္ကေတ
ဆူးခက်တွေနဲ့ 
လှပ မွှေးမြနေခဲ့ ။
အမေရေ
မနာလိုသူတွေ
အုံနဲ့  ကျင်းနဲ့ 
ပိတ်ဆို့ တားဆီး
အမုန်းတရားက
အလျှံ တငြီးငြီး တောက်လောင် လို့ ။
မနာလိုသူတွေ
အုံနဲ့  ကျင်းနဲ့ 
ပိတ်ဆို့ တားဆီး
အမုန်းတရားက
အလျှံ တငြီးငြီး တောက်လောင် လို့ ။
အမေရေ
ပကတိ အရှိတရား
ရေသောက်မြစ်များကတော့
ခေတ်တိုင်းရဲ့
မျိုးဆက်တိုင်းမှာ
ရှင်သန်ကြတယ် ။
ပကတိ အရှိတရား
ရေသောက်မြစ်များကတော့
ခေတ်တိုင်းရဲ့
မျိုးဆက်တိုင်းမှာ
ရှင်သန်ကြတယ် ။
၁၃ အောက်တိုဘာ ၂၀၁၀