>Burmese Actress Nan Su Yati Soe gone missing since 8th Oct 2010

>

မြန်မာသရုပ်ဆောင် နန်းဆုရတီစိုး အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးနေ
မိုးမခအထောက်တော် ရန်ကုန်
အောက်တိုဘာ ၁၀၊ ၂၀၁၀
ယနေ့ ရန်ကုန်မှ ရရှိသော သတင်းအရ အဆိုကျော်နှင့် သရုပ်ဆောင်အမျိုးသမီး နန်းဆုရတီစိုး အောက်တိုဘာ ၈ ရက်နေ့ကတည်းက အိမ်သို့ ပြန်ရောက်ခြင်းမရှိဘဲ ပျောက်ဆုံးနေသည်ဟု သိရသည်။
“မြ၀တီရုပ်မြင်က ရိုက်ကူးပြီး အပြန်မှာ ကားရော၊ လူရော အိမ်ကို ရောက်မလာတော့ဘူး။ သူနဲ့ အတူ အဖော်မိန်းကလေးနဲ့ ကားမောင်းသူပါ ပျောက်နေတယ်။ ဒီနေ့ အောက်တိုဘာ ၁၀ ရက် မနက်မှာ နန်းဆုရတီစိုးရဲ့ အိမ်လမ်းထိပ်မှာ သူ့ကားကို လာရပ်ထားခဲ့တယ်လို့ သိရတယ်။ ဖုံး ၂ လုံး ပါသွားပေမယ့် တလုံးက ပိတ်ထားပြီး၊ တလုံးကို မကိုင်ဘူးလို့ အိမ်က ပြောတယ်။”
နန်းဆုရတီစိုး၏ မိခင်ကိုယ်တိုင်က မြန်မာနိုင်ငံ ရဲချုပ်အထိ သွားရောက် တိုင်တန်းထားကြောင်း၊ တပြည်လုံးရှိ ရဲတပ်ဖွဲ့များသို့ အကြောင်းကြားထားကြောင်း၊ ပြန်ပေးဆွဲခံထားရသည်ဟု ထင်မြင်နေကြကြောင်း စုံစမ်း သိရှိရသည်။
“အခုထိတော့ ပြန်ပေးဆွဲတဲ့ဆီက ဆက်သွယ်တာ မရှိသေးဘူးလို့ ပြောတယ်။ ဒါပေမယ့် မြ၀တီရုပ်မြင်စတူဒီယိုက အထွက်မှာ ပျောက်သွားတာဆိုတော့ ရုန်းရင်းဆန်ခတ်ဖြစ်တယ် ဆိုတဲ့ မျက်မြင်သက်သေ မရှိသေးတော့ အတိအကျ မပြောနိုင်ကြဘူး၊ သူနဲ့ ရင်နှီးတဲ့ စစ်ဗိုလိချုပ်ကြီးတွေရဲ့ သားသမီးတွေနဲ့ ပတ်သက်ပြီး ဖြစ်တာလားလို့လည်း ထင်ကြေးပေးနေကြတယ်”
ဟု မိုးမခသို့ သတင်းပေးပို့သူက ထင်မြင်ချက် ပေးသည်။
သတင်းရရှိသညိ့ ယနေ့ မွန်းလွဲချိန်အထိ ထူးခြားမှု မရှိသေးဟု ဆိုသည်။