>
ခရီး ……
ဒေါင်းရိုင်း
မတ် ၃၊ ၂ဝဝ၉
ဒေါင်းရိုင်း
မတ် ၃၊ ၂ဝဝ၉

ပန်းပွင့်ကိုယ်စားလှယ်တွေနဲ့
အခေါ်လွှတ်လိုက်တော့
ကျနော်လာခဲ့ပြီ ……..။
မုန်တိုင်းနက်တွေဟာ
လိုဏ်ခေါင်းဖြူတွေကို
ဆေးဆိုးတဲ့အချိန် …..။
ပင်လယ်နီဟာ ကွဲဖြာထွက်
တန်ခိုးရှင်ရဲ့ မြင်းဖြူတော်တွေကို စီးပြီး …..
ဖြတ်သန်းခဲ့သူတွေလိုပေါ့ …….
ကျနော် လာခဲ့တယ်
ကျနော့်ကို ဝိုင်းနေတဲ့
တိမ်ထု တိမ်တောင်တွေကို မ ချီ ရိုက်ချိုးလို့
မဟာသမုဒ္ဒရာ အစင်းစင်းထဲမှာ နှစ်မြှုတ်ပြီး
ကျနော်လာခဲ့တယ် ………..။ ။