အာကာဦး-ငါတို့ သွေးတွေပေခဲ့ရတယ်

KT#  ငါတို့ သွေးတွေပေခဲ့ရတယ် အာကာဦး မတ် ၂၄၊ ၂၀၀၇ “မကျေနပ်ရင်အော်ဟစ်လိုက်ကြအေး သေနတ်သံကတော့ထွက်လာမှာနော်”ဒီဇာတ်လမ်းဟာကြမ်းခန်းတွေနဲ့အပြည့်မှောင်နေတဲ့ညဟာလူငယ်တယောက်ကိုဆွဲခေါ်သွားတော့ကျန်ခဲ့တဲ့မိသားစုခမျာအဲဒီညထက်ပိုမှောင်တယ်သားကအမေ့ကိုစိတ်ပူတယ်အမေကစနစ်ကိုစိတ်ပူတယ်။သွေးရဲရဲလမ်းပေါ်လျှောက်တော့ကျောင်းကန်တင်းက စကားလက်စုံတွေကိုထားခဲ့ရဖတ်လက်စ စာအုပ်ထူထူကိုထားခဲ့ရဘဝထဲက ချစ်သူကိုထားခဲ့ရ။တွင်းနက်ကြီးရဲ့နှုတ်ခမ်းကိုအမှန်တရားလို့ခေါ်ပြီးအဲဒီအမှန်တရားပေါ် ရွက်ကုန်ဖွင့်တဲ့အခါ၁၀ ပေပတ်လည်အခန်းကျဉ်းထဲသက်တမ်းနုလက်ကလေးရဲ့လက်ထိပ်တွေဟာ အစိမ်းသေသေတယ်။လွှင့်ထူထားတဲ့နိုင်ငံတော်အလံဟာလည်းအစိမ်းသေသေတယ်။ပျောက်ရှခဲ့ရတဲ့နေ့တွေမှာလူမမယ်သေးတဲ့လူရွယ်တွေရဲ့ဆေးဟာနိုင်ငံတော်ရဲ့ဒဏ်ရာကို ကုစားလို့။ကျောင်းလမ်းမကြီးပေါ်ကလက်ချင်းချိတ်ထားတဲ့လက်တစုံကိုဆွဲဖြဲလိုက်တဲ့အောက်တန်းစားအမိန့်တွေဟာသမိုင်းခေတ်ပေါ်ဖြတ်ပြေးတယ်။…