ကဗျာ

ပင့်ကူအိမ် (ဆားလင်းကြီး) ● သုသာန်မြေ

ပင့်ကူအိမ် (ဆားလင်းကြီး) ● သုသာန်မြေ
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၈

တောင်ပေါ်က  မိုင်းခွဲလိုက်တိုင်း
ဒေါ်ခင်ဝင်းလို့ စိတ်မှာ ကြားနေရ
တောင်သူမကြီးရဲ့ ဦးခေါင်းကို စမ်းမိတိုင်း
ငါတို့ အသွေး အသားဟာ ဆူပွက်ထလို့
တောင်သူမကြီးရဲ့ ခေါင်းတလားထဲ
ငါတို့ မျက်ရည်တွေ ထည့်ပေးလိုက်တော့
ငါတို့ဟာ ခြောက်ခံနေရပေမယ့် မကြောက်ကြ
တောင်သူမကြီးရဲ့ အုတ်ဂူထဲ
သူ့ အသုံးဆောင်လေးတွေ ထည့်လိုက်ပေမယ့်
သူ့ ယုံကြည်ချက်ကို
ဘယ်ကောင် လိပ်ပြာနုတ်သွားတာလဲ
သူ့ တောင်းဆိုမှုကို
ဘယ်ကောင် ရေအိုးရိုက်ခွဲပစ်လိုက်တာလဲ
သူ့ မျှော်လင့်ချက်ကို
ဘယ်ကောင် ဖဲလိမ်ရိုက်သွားတာလဲ
အသားထဲက ထွက်တဲ့ လောက်ကိုက် ဒဏ်ရာက
အရိုးထဲထိ ငါတို့ နာတယ်။

ပင့်ကူအိမ် (ဆားလင်းကြီး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts