ကဗျာ သစ်ကောင်းအိမ်

သစ်ကောင်းအိမ် ● ကျာပွတ်ကို ကြိုးလုပ်တီးခတ်နေတဲ့ ဂစ်တာ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

သစ်ကောင်းအိမ် ● ကျာပွတ်ကို ကြိုးလုပ်တီးခတ်နေတဲ့ ဂစ်တာ
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၈

ရုံးတော်တွင်
မှန်ကန်စွာထွက်ဆိုပါမည်..ဆိုပြီး
ကျိန်ဆိုဖို့…
ကျမ်းစာအုပ်ကို မ, လိုက်တော့
အဝတ်အိတ်ထဲ ထည့်ချုပ်ထားတဲ့
သစ်သားတုံးတတုံး…
အမျိုးသားပြတိုက်မှာ
ဘုရင့်ခြေနင်းတော်..ဆိုလို့
ဘာများလဲကြည့်မိတော့
ပြောင်ဖြဲဖြဲရွှေရောင်သဲကြိုးနဲ့
ခုံဖိနပ်တရံ…..
နိုင်ငံတော်ဆန်ဆန်သုံးနှုန်းတော့
ငြိမ်းချမ်းရေးကွန်ဖရင့်…
ရပ်ကွက်ဆန်ဆန်ပြောတော့
အသုဘအိမ်က ဖဲဝိုင်း….

စကားပြေဆန်ဆန်ချရေးရင်…
စစ်ဘေးဒဏ်သင့်ပြည်သူများ
ရန်ပုံငွေဂီတပွဲတွင်
ဖျော်ဖြေတီးခတ်လျက်ရှိသော
မျက်မမြင်ဆွံအနားမကြား
တေးဂီတအဖွဲ့နာမည်က
သောနုထ္ထိုရ်များနဲ့ကက်ဘိနက်များ.
လမ်းမတကာတွင် ဘေးမဲ့လွှတ်ထားသော
အရက်ကိုးမောင်းတိုက်ထားသည့်
မိုင်ဖားသား၏ နာရာဂီရိများနှင့်
အရုဏ်ဦးတွင် ဝိမုတ္တိဆင်းတုတော်အား
ရည်စူးပူဇော်ကာ သူမထိုးထားသော ဘုရားပန်းအိုးသည်
ခါချဉ်အုံတွဲလောင်းနဲ့
အင်ကြင်းပန်းခိုင်ဒီမိုကရေစီ….

ကာတွန်းဆန်ဆန်ဆွဲပြရင်…
(ရင်ကိုကော့ ခေါင်းကိုမော့)
ဆင်ပစ်မဟေ့..ဆိုပြီး တောနက်ထဲဝင်သွားတဲ့
ကလေးများရဲ့အချစ်တော်
မုဆိုးကျော်ဖိုးထော်ဟာ…
ခြင်တွေဝိုင်းကိုက်တာခံရပြီး
သူဝင်သွားတဲ့တောအုပ်ထဲက
ခြေကုန်သုတ်..
ပြန်ထွက်ပြေးလာနေပုံ…

ဇာတ်လမ်းပမာခင်းကျင်းလိုက်တော့…
သေနတ်နဲ့ချိန်ထားလို့သာ
ဇာတ်လမ်းအတိုင်းလဲသေပေးလိုက်ရတယ်….
ရွှေပွဲလာအားလုံး ရုံပြင်ပြန်ရောက်ကုန်တာတောင်
ဇာတ်ခုံပေါ်ရောက်မလာသေးတဲ့
ယမ်းဖောက်သမားတွေဆီက
သေနတ်သံတချက်ကိုနားစွင့်ရင်း
သေချင်ယောင်ဆက်ဆောင်နေတဲ့
ဗီလိန်ဇာတ်ကောင်….

( ၂၁၊ စက်တင်ဘာ၊ ၂၀၁၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts