ကဗျာ

လင်းသက်ငြိမ် ● မိုးရေတွေနဲ့ ကမ္ဘာ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

လင်းသက်ငြိမ် ● မိုးရေတွေနဲ့ ကမ္ဘာ
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၈

အသံအောက်မှာ အမည်းရောင်တွေ ပြိုကျ
လမ်းမီးတိုင်တို့ အရည်ပျော်ကျသလို တဖွားဖွား
အိမ်အမိုးများ တိုက်မြင့်ကြီးများ
တဖွားဖွား
တဖွားဖွား
မိုးရေတွေဖွေးနေတဲ့ လမ်းမပေါ်ကားများ ဆိုင်ကယ်များ
တဖွားဖွား
တဖွားဖွား
ဆောင်းထားတဲ့ထီးများ အရည်ပျော်ကျ
ဝတ်ထားတဲ့မိုးကာအင်္ကျီတို့
တစ်စချင်း ပျက်စီးကြ တဖွားဖွား
မိုးစက်တို့ရဲ့ အပြင်းထန်​ဆုံးဂီတမှာ
အရူးတစ်ချို့ ပျော်မြူးကြ
လူကောင်းဆိုသူများ သွေးပျက်ခြောက်ခြား
မိုးက မရပ်မနား သည်းသည်းမည်းမည်း တဖွားဖွား…
ကျမ်းစာအုပ်ထဲက မိုးများလား
မိုးရေတွေ တစ်ဖြည်းဖြည်း ပိုများလာ
ကယ်ဆယ်ရေးဥသြသံများ တဖွားဖွား
ဘုရားကျောင်းက ခေါင်းလောင်းသံများ တဖွားဖွား
စူပါမန်းလည်းရောက်မလာဘူး
မိုးရေတွေဟာ လှိုင်းအဖြစ် ထကြွ
စပိုက်ဒါမန်း ဟယ်ရီပေါ်တာ သူတို့လည်း
ပြေးလွှားနေကြတယ် တဖွားဖွား
မိုးရေတွေ တဖွားဖွား
ရေလှိုင်းများ ရေဝဲများ ရေစီးကြောင်းများ…
နတ်ကွန်းကြီးလည်းမြုပ်နေပြီ
စေတီ​တော်​​တွေလည်းမြုပ်နေပြီ
မိုးက ဆက်လက် မရပ်မနား ခြိမ်းခြောက်
မိုးက ဆက်လက် ဦးဆောင်ကစားနိုင်ခဲ့
ဘုရားကျောင်းဟာ ရေစီးထဲမျှော
ကားတွေရေစီးထဲ မျှော
လူတွေ တိရိစ္ဆာန်တွေ ရေစီးထဲမျှော
တဝေါဝေါ တဝုန်းဝုန်း လှိုင်းများ တဖွားဖွား
တဖွားဖွား လှိုင်းများ လိုင်းများ စီထားတာဖြစ်ပါတယ်
ကဗျာအဖြစ်အရောက်ပို့ချင်​ စိတ်တွေတဖွားဖွား
လေဘာတီရုပ်ကြီးလည်းမြုပ်သွားပြီ
ဘာလင်တံတိုင်းကြီးလည်းမြုပ်​သွားပြီ
ရေများ
ရေများ
ရေအများ
ရေပြင်ကျယ်ကြီးထဲ မျှောကြ
လူသံတွေ အပေါ်ကဝဲနေတဲ့ မိုးသံများ လူသေများ
ရေထဲ တဖွားဖွား ကုန်းမြေရှာသူငှက်ကလေးဘယ်မှာ
အမျှော်တွေ တဖွားဖွား
ကမ္ဘာကြီးထဲ မိုးရေတွေ တဖွားဖွား
ရေပြင်ဟာ အကျယ်ကြီးဖြစ်လာ
ရေပြင်ဟာ ပိုအကျယ်ကြီး ဖြစ်လာ
ရေပြင်ဟာ အကျယ်ကြီးပိုပြီးဖြစ်လာ
ပြိုလဲသံများ ငိုသံများ တဖွားဖွား
မိုးရေများ တဖွားဖွား
ဆက်လက်ပြီး တဖွားဖွား
စာရွက်တွေတဖွားဖွား
ပိုစတာတွေတဖွားဖွား
မသေပဲကျန်သူ လူအများ ကယ်တင်ခြင်းကို ငံ့လင့်
သက်​ဆိုင်ရာဘာသာအသီးသီးနဲ့ ဆုတောင်းများ တဖွားဖွား
အလွန်ုကြီးမားတဲ့ သဘောင်္ကြီးတစ်စင်းကို
အဝေးက လှမ်းမြင်ရတော့ အားလုံး ပျော်ရွှင်သွားကြတယ်
အသံများ တဖွားဖွား
မိုးမည်းမည်းဟာ နည်းနည်းလေးလင်းလာတော့
ဘေးဘီဝဲယာကို မြင်လာရ
မိုးကတော့ရွာနေဆဲပဲ တဖွားဖွား
တဖြည်းဖြည်း နီးနီးလာတဲ့ သင်္ဘောပေါ်က
အရိုး​ခေါင်းကြက်ခြေခတ် အလံကြီး
လေထဲ တဖွားဖွား။

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts