ကဗျာ မြန်မာပြည်တွင်း

အောင်ကိုကိုလတ် (တမူး) – ဇူလိုင် ၁၉

ဇူလိုင် ၁၉
အောင်ကိုကိုလတ် (တမူး)
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၈

ဇူလိုင် ၁၉ ဟာ ဖွဲဖွဲလေးရွာနေတဲ့ စနေမိုး
ဇူလိုင် ၁၉ ဟာ သေနတ်တွေတင်လာတဲ့မိစ္ဆာဂျစ်ကား
ဇူလိုင် ၁၉ ဟာ ဂျစ်ကားပေါ်ကဆင်းလာတဲ့စစ်ဖိနပ်တွေ
ဇူလိုင် ၁၉ ဟာ အတွင်းဝန်များရုံးထဲက ကံကြမ္မာအစည်းအဝေး
ဇူလိုင် ၁၉ ဟာ ယမ်းနံ့တွေဖုံးလွှမ်းသွားတဲ့ပြည်သူပိုင်အခန်း
ဇူလိုင် ၁၉ ဟာ ကျည်ဆံခွံတွေပြန့်ကျဲနေတဲ့ပြည်သူ့ကြမ်းပြင်
ဇူလိုင် ၁၉ ဟာ သွေးစွန်းသွားတဲ့နိုင်ငံရေးစားပွဲ
ဇူလိုင် ၁၉ ဟာ အစားထိုးမရတဲ့ ၁၀ နာရီ ၃၇ မိနစ်
ဇူလိုင် ၁၉ ဟာ နိုင်ငံတော်ကျခဲ့တဲ့မျက်ရည် ။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts