|  | 
| KT# | 
ဖိုက်တင်းဘောနဲ့ထမင်းစားချ
ကမ်လူဝေး
(မိုးမခ)၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၇ 
ကာကွယ်ဆေးထိုးပြီးမှ
အစာအဆိပ်သင့်သေရတဲ့ ကလေးရဲ့ နာရေးဟာ
ဝမ်းနည်းစရာ။
ကာကွယ်ဆေးထိုးပြီးမှ
ပြင်းထန်အဆုတ်ရောဂါအခံနဲ့
အသက်ပေးလိုက်ရတဲ့ကလေးကတော့
မြေကြီးထဲမှာ လှဲလျောင်းခဲ့ရှာ။
ပြောချင်ရာပြောပြီး ဖြစ်ချင်ရာဖြစ်နေကြတဲ့ ခေတ်မှာ
ဝန်ထမ်းတယောက်ဟာ 
လက်ဆောင် နှစ်သောင်းခွဲဖိုးထက်ပိုမယူ
အနုပညာပစ္စည်းတခုကို တန်ဖိုးဖြတ်ရရင်
အလကားဖြစ်နိုင်သလို
တန်ဖိုးမဖြတ်နိုင်အောင် တန်ကြေးရှိနိုင်ပါတယ်။
ကိုယ်ပိုင်တဲ့ရွှေ တပိသာကတော့
နှစ်သောင်းလေးထောင်နဲ့ေ
ဝန်ထမ်းတယောက်ကို လက်ဆောင်ပေးခဲ့ပါတယ်။
ဖြစ်ချင်ရာဖြစ်နေတဲ့ လောကကြီး အဓွန့်ရှည်ပါစေ
ဈေးကောင်းရနေတဲ့ ကပ်ပယ်အိတ်ထဲကကောင်တွေ
ဟင်းအိုးထဲမြန်မြန် ရောက်ကြပါစေ။      ။
