စာအုပ်စင် ဇင်လင်း မှတ်စုမှတ်တမ်း လှကျော်ဇော သားကြီးမောင်ဇေယျ မောင်ရစ် မောင်မောင်စိုး

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇

ယခုစာအုပ်မှာ မျက်မှောက် ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ (၂၀၀၉ -၂၀၁၇) ဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက်များကလွဲလျင် ဆောင်းပါးများမှာ မိုးမခမီဒီယာတွင်
ဖော်ပြခဲ့သော စာရေးသူအသီးသီး၏ အာဘော်ဆောင်းပါးများ ဖြစ်ပါတယ်။ စာအုပ်ရဲ့  ရည်ရွယ်ချက်ကတော့ လက်ရှိ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်မြောက်ပိုင်းအရေးမှာ လူမျိုးရေး၊ ဘာသာရေး ဆိုသည်ထက် လူမျိုးရေး ဘာသာရေး အငြင်းပွားဘွယ် အကြောင်းအရာများ၊ နောက်ခံအခြေအနေများကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအရ အမြတ်ထုတ်ရန်၊ မြန်မာပြည်တွင်း ပြည်ပ မငြိမ်သက်မှုများဖြစ်ပွားရန် လုပ်ကြံမှုများက အဓိကကဏ္ဍတွင် ပါဝင်နေသည်ကို ထုတ်နှုတ် ဖော်ပြသည့်  ဆောင်းပါးများ ဖြစ်ပါတယ်။ 

မိုးမခ၏ ပင်တိုင်ဆောင်းပါးရှင်များ ရေးသားသော ဆောင်းပါးများအပြင် မိုးမခမိတ်ဆွေ စာနယ်ဇင်းအဖွဲ့များတွင် ဖော်ပြခဲ့သော စာမူတို့ကိုလည်း ခွင့်ပြုချက်ရယူပြီး တင်ဆက်ထားတာလည်း ပါဝင်ပါတယ်။ စာအုပ်၏ နောက်ဆုံးတွင် ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာထဲမှ ကောင်းနိုးရာရာကို ကောက်နုတ်ပြီးတော့ မိမိစကားပြေဖြင့် ပြန်လည်ရေးသား ထည့်သွင်းပေးထားပါတယ်။

 
Yangon Book Plaza က WE Book Distribution ကနေ ဖြန့်ချိပါတယ်။ တန်ဖိုး – ကျပ် ၄၀၀၀။ မှာကြားရန်ကတော့ – မှာယူလိုသူတွေအနေနဲ့ အမည်၊ လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်တို့ကို WE Distribution ကို အွန်လိုင်း မက်ဆေ့ခ်ျ စာတို ပေးပို့နိုင်သလို ဖုန်းနံပါတ် ၀၉၂၅၀၀၉၁၉၁၃ ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts