Business Directory စာအုပ်စင် ကြော်ငြာကဏ္ဍ

(ဒေါ်)ခင်ခင်ဝင်း၏ ရေဆန်လမ်းမှ အိမ်အပြန် စာအုပ် မိုးမခမှာ မေးဝယ်ပါ

15 US$ only for US Readers only

(ဒေါ်)ခင်ခင်ဝင်း၏ ရေဆန်လမ်းမှ အိမ်အပြန် စာအုပ် မိုးမခမှာ မေးဝယ်ပါ
(မိုးမခ) မေ ၁၆၊ ၂၀၁၇


ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်မိတ်ဆွေတဦးဖြစ်တဲ့ အင်န်အယ်ဒီပါတီဝင် ကျောင်းဆရာမဟောင်း ဒေါ်ခင်ခင်ဝင်းရဲ့ သူမ၏ ဘ၀၊ နိုင်ငံရေး၊ ပါတီ အတွေ့အကြုံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေအိမ်မှာ အတူရပ်တည်ခဲ့စဉ်အတွင်း မြင်ကွင်းတွေကို အသေးစိတ် ချယ်မှုန်းထားတဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိစာအုပ် တအုပ်ဖြစ်ပါတယ်။


နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ့စဉ် ရုန်းကန်လှုပ်ရှားမှု၊ နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အင်န်အယ်ဒီပါတီရဲ့ ရုန်းကန်ဦးဆောင်မှုများကို ဒေါ်ခင်ခင်ဝင်းက မိမိအမြင်အတိုင်း မိမိအရှိအတိုင်း ထင်ဟတ် ထုတ်ဖော် ရေးသားထားတာကို တွေ့ရပါတယ်။


နိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲကို စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ပြီး ဖော်ဆောင်နေရချိန်မှာ မြန်မာ့မျက်မှောက်နိုင်ငံရေးကို ချိန်ဆ တွေးမြင် သိရှိနိုင်ဖို့ များစွာ အထောက်အကူပြုပြီး ဥာဏ်မျက်စိအလင်းကို ဖွင့်ပေးနိုင်တဲ့ ကိုယ်ပိုင်အယူအဆ အတွေးအမြင် အတွေ့အကြုံတွေကို ဖတ်ရှု လေ့လာသိရှိစေနိုင်တဲ့ စာအုပ် ဖြစ်ပါတယ်။


အမေရိကန်ပြည်ထောင်စုက မြန်မာစာဖတ်ပရိသတ်များအတွက် မိုးမခမီဒီယာကနေပြီး စာတိုက်ကနေ အဖိုးငွေ ၁၅ ဒေါ်လာမျှနဲ့ မှာယူ အားပေးနိုင်ပါပြီ။ စာတိုက်ခ လုံးဝ မယူပါ။ စာအုပ်ဖိုးကို စာရေးဆရာ ဒေါ်ခင်ခင်ဝင်းထံ တိုက်ရိုက်အပြည့်အ၀ ပေးပို့မှာ ဖြစ်ပါတယ်။


စာအုပ်မှာယူလိုရင် editors@moemaka.net ကို မေးဝယ်ပါ။ facebook ကနေ မှာချင်ရင်တော့ မိုးမခ၏ Facebook shop ကနေ ၀ယ်ပါ။ စာအုပ်ကို ၃ ရက်ကနေ ၅ ရက်အတွင်း စာတိုက်ကနေ ပို့ပေးပါမယ်။


https://www.facebook.com/commerce/products/1307425446031371/

 



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts